Monday, December 24, 2012
Saturday, December 15, 2012
ဘုရားရှင်၏အပါးမှ မခွာသော ၀က္ကလိရဟန်း
ဘုရားရှင်၏အပါးမှ မခွာသော ၀က္ကလိရဟန်း။
••••••••••••••••••••••••••••••
အလွန်နှစ်သက် ကြည်ညိုလှသောကြောင့် အမြဲမပြတ်
ဖူးမြင်လိုသဖြင့် ရဟန်းပြုလေသည်။ ရဟန်းဘ၀ ရောက်သည်တွင် ဘုရားရှင်
အနီးအပါးသို့သာ သွားရောက်ဖူးမြော်နေပြီး ပရိယတ္တိ ပဋိပတ္တိတို့ကို
အားထုတ်ခြင်း မရှိပေ။
မြတ်စွာဘုရားက . .
"ချစ်သားဝက္ကလိ - စက္ခုပသာဒဖြင့် ကြည့်မြင်တင့်တယ်သော ငါဘုရား၏ အပုပ်ကောင် ကိုယ်ထည်ကို ကြည့်နေ၍ အကျိုးမများ။ ငါဟောကြားသော တရားကို ထင်မြင်အောင် ပညာစက္ခုဖြင့် ရှု၍ အားထုတ်ခြင်းသာ ငါဘုရားကို ကြည်ညိုရာရောက်သည်"ဟု ဆုံးမတော်မူ၏။
သို့သော် ၀က္ကလိရဟန်းက မနာယူဘဲ လာမြဲသာလာ၍ ဖူးမြော်နေ၏။ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်သို့ ကြွရောက်၍ ၀ါကပ်တော်မူသည့်နေ့၌ "၀က္ကလိ - သင်ကြိုက်ရာ အရပ်တပါးသို့ သွားလေတော့"ဟု နှင်ထုတ်လိုက်၏။
ဝက္ကလိရဟန်းသည် ငါ့အား မြတ်စွာဘုရားက ဖူးမြော် ချဉ်းကပ်စေခြင်း မပြုလျှင်၊ သေခြင်းက မြတ်သေးသည်-ဟု တွေးတောကာ ဂိဇ္ဈကုဋ်တောင်ထိပ်မှ ခုန်ချသေတော့မည်ဟု ရည်ရွယ်၍ တောင်ထိပ်သို့ သွားလေသည်။
မြတ်ဗုဒ္ဓသည်၊ ၀က္ကလိ၏အဖြစ်ကို ရွှေဉာဏ်တော်ဖြင့် ဆင်ခြင်သိတော်မူသည်။ ထို့ကြောင့်
"၀က္ကလိ - မကြောက်လင့်၊ လာလော့၊ ငါသည် ညွှန်ပြောင်း၌ နစ်သော ဆင်ပြောင်ကို ကယ်တင်သကဲ့သို့ သင့်ကို ကိလေသာ ညွှန်ပြောင်းမှ ဆယ်ယူကယ်တင်အံ့" ဟု ရောင်ခြည်တော်လွှတ်၍ အားပေးတရား ဟောတော်မူသည်။ ထိုအခါ ၀က္ကလိသည် အားတက်၍ ကြီးစွာသော ပီတိဖြစ်ကာ၊ ဟောကြားတော်မူသော တရားတော်ကို ဆင်ခြင်ရင်း၊ ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေသည်။ ထို့နောက် ရှိခိုးလျက် မြတ်စွာဘုရားထံသို့ အရောက် သွားခဲ့ရာ မြတ်စွာဘုရားက အောက်ပါဂါထာကို ဟောတော်မူလေသတည်း။
"၀မ်းမြောက်ခြင်း များစွာရှိ၍၊
မြတ်စွာဘုရား အဆုံးအမတော်၌ ယုံကြည်မြတ်နိုးသော ရဟန်းသည်၊ သင်္ခါရတို့၏ ချုပ်ငြိမ်းရာ၊ ငြိမ်သက်ချမ်းမြေ့သော နိဗ္ဗာန်ကို ရလေရာ၏"
( ဓမ္မပဒ - ဘိက္ခုဝဂ်
မြတ်စွာဘုရားက . .
"ချစ်သားဝက္ကလိ - စက္ခုပသာဒဖြင့် ကြည့်မြင်တင့်တယ်သော ငါဘုရား၏ အပုပ်ကောင် ကိုယ်ထည်ကို ကြည့်နေ၍ အကျိုးမများ။ ငါဟောကြားသော တရားကို ထင်မြင်အောင် ပညာစက္ခုဖြင့် ရှု၍ အားထုတ်ခြင်းသာ ငါဘုရားကို ကြည်ညိုရာရောက်သည်"ဟု ဆုံးမတော်မူ၏။
သို့သော် ၀က္ကလိရဟန်းက မနာယူဘဲ လာမြဲသာလာ၍ ဖူးမြော်နေ၏။ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်သို့ ကြွရောက်၍ ၀ါကပ်တော်မူသည့်နေ့၌ "၀က္ကလိ - သင်ကြိုက်ရာ အရပ်တပါးသို့ သွားလေတော့"ဟု နှင်ထုတ်လိုက်၏။
ဝက္ကလိရဟန်းသည် ငါ့အား မြတ်စွာဘုရားက ဖူးမြော် ချဉ်းကပ်စေခြင်း မပြုလျှင်၊ သေခြင်းက မြတ်သေးသည်-ဟု တွေးတောကာ ဂိဇ္ဈကုဋ်တောင်ထိပ်မှ ခုန်ချသေတော့မည်ဟု ရည်ရွယ်၍ တောင်ထိပ်သို့ သွားလေသည်။
မြတ်ဗုဒ္ဓသည်၊ ၀က္ကလိ၏အဖြစ်ကို ရွှေဉာဏ်တော်ဖြင့် ဆင်ခြင်သိတော်မူသည်။ ထို့ကြောင့်
"၀က္ကလိ - မကြောက်လင့်၊ လာလော့၊ ငါသည် ညွှန်ပြောင်း၌ နစ်သော ဆင်ပြောင်ကို ကယ်တင်သကဲ့သို့ သင့်ကို ကိလေသာ ညွှန်ပြောင်းမှ ဆယ်ယူကယ်တင်အံ့" ဟု ရောင်ခြည်တော်လွှတ်၍ အားပေးတရား ဟောတော်မူသည်။ ထိုအခါ ၀က္ကလိသည် အားတက်၍ ကြီးစွာသော ပီတိဖြစ်ကာ၊ ဟောကြားတော်မူသော တရားတော်ကို ဆင်ခြင်ရင်း၊ ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေသည်။ ထို့နောက် ရှိခိုးလျက် မြတ်စွာဘုရားထံသို့ အရောက် သွားခဲ့ရာ မြတ်စွာဘုရားက အောက်ပါဂါထာကို ဟောတော်မူလေသတည်း။
"၀မ်းမြောက်ခြင်း များစွာရှိ၍၊
မြတ်စွာဘုရား အဆုံးအမတော်၌ ယုံကြည်မြတ်နိုးသော ရဟန်းသည်၊ သင်္ခါရတို့၏ ချုပ်ငြိမ်းရာ၊ ငြိမ်သက်ချမ်းမြေ့သော နိဗ္ဗာန်ကို ရလေရာ၏"
( ဓမ္မပဒ - ဘိက္ခုဝဂ်
အာသဝေါမကုန်မချင်း အားထုတ်ပါ။
အာသဝေါမကုန်မချင်း အားထုတ်ပါ။
••••••••••••••••••••••••••••••
••••••••••••••••••••••••••••••
ဇေတ၀န်ကျောင်းတော်၌ ရှိနေသော ရဟန်းတို့ကို၊
ဘုရားရှင်က-ရဟန်းတို့ သင်တို့သည် ရဟန်းကိစ္စ ပြီးဆုံးကုန်ပြီ...
လော-ဟု မေးတော်မူ၏။ ထိုအခါ ရဟန်းတို့က
မိမိတို့အသီးသီးယူဆထားသည်များကို
လျှောက်ထားကြ၏။
တပည့်တော်သည် သီလစင်ကြယ်ပြည့်စုံပါ၏။
တပည့်တော်သည် ဓုတင်ဆောင်ပါ၏။
တပည့်တော်သည် ဆိတ်ငြိမ်သောကျောင်း၌ နေလေ့ရှိပါ၏။
တပည့်တော်သည် ဈာန်ရပါ၏။
ထိုသို့ဖြစ်သောကြောင့် အရဟတ္တဖိုလ်ရရန် မခဲယဉ်းတော့ပါဘုရား-ဟု လျှောက်ထားကြကုန်၏။
ထိုအခါ ဘုရားရှင်က၊ ရဟန်းတို့၊ သီလ-ဓုတင်-အနာဂါမ် ချမ်းသာမျှဖြင့် လုံလောက်ပြီ မဆိုနိုင်။ အာသဝေါမကုန်သေးလျှင် ချမ်းသာမရနိုင်။ ဤကဲ့သို့ စိတ်ကိုဖြစ်စေရမည်-ဟု အောက်ပါဂါထာကို ဟောကြားတော်မူရာ ဒေသနာတော်အဆုံး၌ ထိုရဟန်းတို့ ရဟန္တာဖြစ်ကြလေသည်။
"သီလအကျင့် ရှိကာမျှဖြင့်၎င်း၊
အကြားအမြင် များကာမျှဖြင့်၎င်း၊
တည်ကြည်မှု သမာဓိ ရကာမျှဖြင့်၎င်း၊
ဆိတ်ငြိမ်ရာ၌ နေကာမျှဖြင့်၎င်း၊
ရဟန်းသည် အာသဝေါကုန်ခန်းသော ရဟန္တာအဖြစ်သို့ မရောက်သေးသမျှ ပုထုဇဉ်တို့ မမှီဝဲအပ်သော အနာဂါမိဖိုလ်ချမ်းသာကို ရပေ၏-ဟူ၍ သက်သာရာ (ရပ်နားခြင်း) သို့ မရောက်ပါစေလင့်"
( ဓမ္မပဒ - ဓမ္မဋ္ဌ၀ဂ် )
တပည့်တော်သည် သီလစင်ကြယ်ပြည့်စုံပါ၏။
တပည့်တော်သည် ဓုတင်ဆောင်ပါ၏။
တပည့်တော်သည် ဆိတ်ငြိမ်သောကျောင်း၌ နေလေ့ရှိပါ၏။
တပည့်တော်သည် ဈာန်ရပါ၏။
ထိုသို့ဖြစ်သောကြောင့် အရဟတ္တဖိုလ်ရရန် မခဲယဉ်းတော့ပါဘုရား-ဟု လျှောက်ထားကြကုန်၏။
ထိုအခါ ဘုရားရှင်က၊ ရဟန်းတို့၊ သီလ-ဓုတင်-အနာဂါမ် ချမ်းသာမျှဖြင့် လုံလောက်ပြီ မဆိုနိုင်။ အာသဝေါမကုန်သေးလျှင် ချမ်းသာမရနိုင်။ ဤကဲ့သို့ စိတ်ကိုဖြစ်စေရမည်-ဟု အောက်ပါဂါထာကို ဟောကြားတော်မူရာ ဒေသနာတော်အဆုံး၌ ထိုရဟန်းတို့ ရဟန္တာဖြစ်ကြလေသည်။
"သီလအကျင့် ရှိကာမျှဖြင့်၎င်း၊
အကြားအမြင် များကာမျှဖြင့်၎င်း၊
တည်ကြည်မှု သမာဓိ ရကာမျှဖြင့်၎င်း၊
ဆိတ်ငြိမ်ရာ၌ နေကာမျှဖြင့်၎င်း၊
ရဟန်းသည် အာသဝေါကုန်ခန်းသော ရဟန္တာအဖြစ်သို့ မရောက်သေးသမျှ ပုထုဇဉ်တို့ မမှီဝဲအပ်သော အနာဂါမိဖိုလ်ချမ်းသာကို ရပေ၏-ဟူ၍ သက်သာရာ (ရပ်နားခြင်း) သို့ မရောက်ပါစေလင့်"
( ဓမ္မပဒ - ဓမ္မဋ္ဌ၀ဂ် )
သတိပဋ္ဌာန်လေးပါးအပေါ် ဘုရားရှင်၏အာမခံမှု
သတိပဋ္ဌာန်လေးပါးအပေါ် ဘုရားရှင်၏အာမခံမှု။
••••••••••••••••••••••••••••••
••••••••••••••••••••••••••••••
ရဟန်းတို့ -
ခုနစ်နှစ်ကို ထားဘိဦး။ရဟန်းတို့ - မည်သည့်ပုဂ္ဂိုလ်မဆို
ဤသတိပဋ္ဌာန်လေးပါးတို့ကို
ခြောက်နှစ်တို့ပတ်လုံး ဤဟောပြသော နည်းဖြင့် ပွါးငြားအံ့။ထိုပွါးသော ပုဂ္ဂိုလ်အား မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန်အကြွင်းရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤဖိုလ်နှစ်ပါးတို့တွင်တစ်ပါးပါးသော ဖိုလ်ကို (အမှန်ရပေမည်ဟု) အလိုရှိအပ်၏။ငါးနှစ်တို့ပတ်လုံး။ လေးနှစ်တို့ပတ်လုံး။ သုံးနှစ်တို့ပတ်လုံး။ နှစ်နှစ်တို့ပတ်လုံး။ တစ်နှစ်တို့ပတ်လုံး။
ခြောက်နှစ်တို့ပတ်လုံး ဤဟောပြသော နည်းဖြင့် ပွါးငြားအံ့။ထိုပွါးသော ပုဂ္ဂိုလ်အား မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန်အကြွင်းရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤဖိုလ်နှစ်ပါးတို့တွင်တစ်ပါးပါးသော ဖိုလ်ကို (အမှန်ရပေမည်ဟု) အလိုရှိအပ်၏။ငါးနှစ်တို့ပတ်လုံး။ လေးနှစ်တို့ပတ်လုံး။ သုံးနှစ်တို့ပတ်လုံး။ နှစ်နှစ်တို့ပတ်လုံး။ တစ်နှစ်တို့ပတ်လုံး။
Thursday, November 29, 2012
ခေတ်သစ်ဝင်ကစွပ်
ခေတ်သစ်ဝင်ကစွပ်
သူများခန္ဓာနဲ့
အသက်ရှင်ခွင့်ရအောင်
ငါ့ကိုဘယ်သူဖန်တီးတာလဲ။
ကိုယ့်ခန္ဓာကိုယ်နဲ့ကိုတောင်
ဝင့်ကြွားမနေနိုင်တဲ့ဘဝ
ဆိုးလိုက်တာ။
ဒါနဲ့များတချိ့က
လက်မထောင်ချင်သေးတယ်။
လူဆိုတဲ့အကောင်တွေလဲ
ငါ့လိုပါပဲ့လေ
အငှါးခန္ဓာလူဖြစ်နေတာများ
ကိုယ့်ကိုကိုဝင်ကစွပ်ဖြစ်နေမှန်းမသိကြဘူး။
တချို့ဆို
သူများဦးဏှောက်နဲ့ လူလုပ်နေပြီး
သူများခိုင်းတာတွေလုပ်နေရင်းနဲ့
ခေါင်းဆောင်လုပ်နေကြတယ်။
တချို့က
ဝင်ကစွပ်တကောင်ရဲ့
ပိုင်ဆိုင်မူမျိုးနဲ့
ဘ၀ကိုစကားလုံးကြီးတွေနဲ့ဖြတ်သန်းကြတယ်။
တချို့ကျတော့
အချစ်တစ်ခုတည်းနဲ့
ကပ်စရာအိမ်လိုက်ရှာကြတယ်
သေချာတာက
မင်းဟာအရှင်သခင်မဖြစ်ဘူးဆိုတာပဲ့။
ကိုယ်တိုင်လက်မထောင်ချင်တာတောင်
ကိုယ့်လက်မတွေဝှက်ထားရတဲ့
ဘ၀ကလွတ်မြောက်ပါစေ
ဝင်ကစွပ်လေးရေ........။
ထားဝယ်ရဟန်းငယ်(တန်ဆောင်းမုန်းလပြည့်ကျော်သန်ခေါင်ယံအမှတ်တရ)
ဝင်ကစွပ်
မြင်ဆွတ်က ကြည်ဖို့ရာ
သည်သို့လာ ဟိုသို့သွားရယ်နှင့်
အငှားခန္ဓာ မြောင်ရတယ်
ဆန်းခေါင်ထိမျိုး။
(မြင်ဖူးမှ ယုံစဖွယ် - ဦးကြင်ဥ)
မြင်ဆွတ်က ကြည်ဖို့ရာ
သည်သို့လာ ဟိုသို့သွားရယ်နှင့်
အငှားခန္ဓာ မြောင်ရတယ်
ဆန်းခေါင်ထိမျိုး။
(မြင်ဖူးမှ ယုံစဖွယ် - ဦးကြင်ဥ)
ဝင်ကစွပ်= ပင်လယ်ကမ်းစပ်ရှိ ခရုခွံများတွင် ခိုဝင်ကြီးပွား သွားလာနေတတ်သော ကဏန်းငယ်တမျိုး။
မြင်ဆွတ်= မြင်လျှင် ဆွတ်ပျံကြည်နူးဖွယ်။
Wednesday, November 28, 2012
အဇာတသတ်
အဇာတသတ်
လပြည့်ညမှာ
ငါ့ရင်တွေပူလောင်လို့ပါလား
တခုခုဟာနေသလိုမျိုး။
နန်းတော်တစ်ဆောင်လုံး
ငါ့လိုဝေဒနာတစ်ယောက်မှရှိပုံမပေါ်ဘူး ။
လောကတစ်ခုလုံးပျော်ရွှင်နေတာတောင်
ငါဘ၀ဟာခြောက်ကပ်လို့
ရထားတဲ့စည်းစိမ်းတွေ
ငါ့စိတ်ကိုမပျော်ရွှင်စေနိုင်ဘူး။
ငါ့အမှားကငါ့ကိုတောက်လောင်နေပြီ
ဒေါသမီး
လောဘမီး
မောဟမီး။
ငါသတ်ခဲ့တဲ့ငါ့အဖေ
ငါ့ကိုပူလောင်မူငြိမ်းစေခဲ့တဲ့ငါ့အဖေ
ငါ့ကိုလူဖြစ်အောင်လုပ်ခဲ့တဲ့ငါ့အဖေ
အခုတော့မရှိတော့ဘူး...။
ဟာ.....ဘာလုပ်ရမလဲ
အမတ်ကြီးတွေလာလဲ့စမ်း
ငါဘာလုပ်ရမလဲ....။
မင်းကြီးတိတ္ထိဆရာတွေဆိသွားပါ
စိတ်တွေပျော်ရွှင်ကြောင်းဟောပါလိမ့်မယ်
ငါမပျော်ရွှင်ရင်ကော....
အဇာတသတ်အမေးမှာ
အားလုံးအသံတွေတိတ်လို့။
ဟေ့ဇီဝက
မင်းကလူနာတွေဆေးကုတော့
ငါ့စိတ်ဒဏ်ရာကိုမကုပေးနိုင်တော့ဘူးလား..။
ကုပေးနိုင်ပါတယ်မင်းကြီး။
မြတ်စွာဘုရားဆီကိုလိုက်ခဲ့ပါ
စိတ်ဒဏ်ရာသက်သာပါလိမ့်မယ်။
မသက်သာရင်ကော
သတ်လိုက်ပါမင်းကြီး။
ကြိုက်တယ်ကွာ
လာသွားကြစို့။
တိတ်တိတ်လေးလိုက်ခဲ့ပါမင်းကြီး
တိတ်ဆိတ်မူဟာကြောက်စရာမဟုတ်ပါဘူး။
ဟော ဟိုမှာ မြတ်စွာဘုရား
မြင်ရယုံနဲ့အေးချမ်းသွားပါလား
ရှိခိုးလိုက်မိတယ်..။
သာမညဖလသုတ်ကိုနာယူမိတော့
ဓမ္မဆေးတွေ ရင်ထဲခသွားပြီ
သောကတွေမြေခသွားပြီ။
အမှားကိုမှားမှန်းသိရင်ပညာရှိ
မသိရင်တော့လူမိုက်တဲ့
အဇာတသတ်ဆက်မမိုက်တော့ဘူး။
လရောင်ကြောင့်ကုမုဒြာကြာပွင့်သလို
မြတ်စွာဘုရားတရားတော်ကြောင့်
အသိညဏ်တွေပွင့်ခဲ့ရပြီ။
ထားဝယ်ရဟန်းငယ်( တန်ဆောင်မုန်းလပြည့်ညအမှတ်တရ)
ထားဝယ်တန်ဆောင်တိုင်
ကျီးမနိုးတဲ့ည
ဆေးပေါင်းခတဲ့ည
သစ်ပင်တွေကိုဓားနဲ့လိုက်ခုတ်တဲ့ည
ဗျစ်သွန်းပန် တွေဆေးဖက်ဝင်တယ်ဆိုတဲ့ည
မုဆီဝပ်ဟမ်း ချက်စားတဲ့ည
ကာလာသားဟင်းချက်စားတဲ့ည
ရွာထဲမှာဘုရားပွဲလှည့်တဲ့ည
ဗိုက်ကားနေအောင်မုန့်တွေကျွေးတဲ့ည။
ဒါတွေဟာငါတို့ရိုးရာတွေ
အခုထိမပျက်အောင်ထိမ်းသိမ်းထားတယ်
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ရိုးရာ
ဘယ်တော့မှမမေ့နိုင်။
ထားဝယ်သားတွေဒါတွေရိုးရာမပျက်လုပ်နေချိန်
ငါတို့ထိုင်းမှာ ထိုင်းရိုးရာလွယ်ကထုံတဲ့
မီးမျှောပွဲတွေကျင်းပနေပေမဲ့
ဆားမပါတဲ့ဟင်းကိုစားရသလိုမျိုး
အဓိပ္ပါယ်တွေမဲ့နေခဲ့တာ
အခုဆို ၃ နှစ်လောက်ကြာရောပေါ့။
ငွေနဲ့ဝယ်လို့မရတဲ့အထဲမှာ
ရာသီအလိုက်ဖြစ်နေတဲ့ခံစားချက်တွေပါတယ်။
အစားထိုးကုလို့မရတဲ့အထဲမှာ
ရိုးရာဓလေ့တွေပါတယ်။
မျှော်လင့်ချက်နဲ့အသက်ရှင်နိုင်တဲ့လူမျိုး
သာဖြစ်ခဲ့ရင်
အခုလောက်ထိ ဝေးနေစရာမလိုဘူး။
အခုတော့
ဒုက္ခတစ်ခုဝေးဖို့အတွက်နဲ့
အားလုံးနဲ့ဝေးနေရတာတန်ရဲ့လားဆိုတာ
သေသေခြာခြာတွက်ဖို့လိုနေပြီ။
ထားဝယ်ရဟန်းငယ် (တန်ဆောင်မုန်းလပြည့်နေ့အမှတ်တရ)
Sunday, October 28, 2012
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့ )
သီတင်းကျွတ်လကို ရှေးအခါက သန်တူလဟုခေါ်ဝေါ်ကြသည်။ သံတူလ အဓိပ္ပာယ်မှာ ၀ဿာနမိုးဥတုကို “သန်”
ဟူ ၍ရှေးကခေါ်ဝေါ်ကြောင်း ဝေါဟာရလီနတ္ထဒီပနီ ကျမ်း၌ဆိုသည်။ အချို့ပညာရှင်တို့က “သန်” ဟူသောပုဒ်သည် တိဗက်စသော ဘာသာတို့မှလာသော ဝေါဟာရဖြစ်သည်။ “ကောက်စပါး” ဟုအဓိပ္ပာယ်ရသည်။ “တူ”ပုဒ်သည် အနီးစပ် ဆုံး“ထူ”ပုဒ်နှင့်တွဲယူရမည်ဟုဆိုသည်။ ထောင်သည်၊ မတ်သည် ဟုအဓိပ္ပာယ်ဆောင်သည်။ ထို့ကြောင့်သန်တူလသည် ကောက်စပါးပင်များ ထောင်မတ်လာသောကာလဟု အဓိပ္ပာယ် ဟုယူဆကြသည်။ ဝေါဟာရလီနတ္ထဒီပနီကျမ်း၌ သီတင်းကျွတ်လခေါ်သည်မှာ ၀ါဆိုလပြည့်နေ့ မှစ၍ ၀ါတွင်းသုံးလ၊ ရက်ပေါင်း
(၉၀)၊ သီတင်းသုံးရာ ကျွတ်သောကြောင့် “သီတင်းကျွတ်လ” ဟူ၍ခေါ်ဆိုသည်ဟုဆို၏။ ရှေးမြန်မာဘိုးဘွား
Thursday, September 20, 2012
ငါတို့ရွာ အကြောင်း
ငါတို့ရွာ
တိုင်းတစ်ပါးမှာငွေရှာဖွေရင်း
တခါတလေ အလှူပြန်လုပ်
တခါတလေ မင်္ဂဆောင်ရင်းနဲ့
သံသရာခရီးသွားနေကြတဲ့ငါတို့ရွာ...
လူတွေတင်မက
ဘုန်းကြီးတွေလဲတိုင်းတစ်ပါးကိုထွက်ခွါလို့
ပညာရှာဖွေ
တစ်ခါတစ်လေ ရွာပြန်ရင်းပညာသင်ပေး
တစ်ခါတစ်လေ တရားဟောရင်းနဲ့
သံသရာခရီးသွားနေတဲ့ငါတို့ရွာ..
ဒီလိုနဲ့
ငယ်ငယ်ကကျောင်းသားတရာကျော်နဲ့
စည်ကားခဲ့တဲ့ကျောင်းတော်ကြီး
တခါတလေ အလှူပွဲတွေနဲ့စည်းကား
တခါတလ စာကျက်သံတွေတိတ်လို့
သံသရာခရီးသွားနေတဲ့ငါတို့ရွာ..
မနက်၎နာရီဆိုတုန်းမောင်းခေါက်တဲ့အသံ
ကျောင်းသားတွေကိုလိုက်နိုးတတ်တဲ့
ဆရာတော်ကြီးရဲ့အသံ
နိဗ္ဗာန်ဆော်ဦးတင်းသိန်းတို့အသံတွေနဲ့
အာရုဏ်ဦးကိုကြိုဆိုနေတဲ့
ငါတို့ရွာလေး ...
မီးမရှိလဲလွမ်းတယ်
ရေမရှိလဲလွမ်းတယ်
အင်တာနက်မရှိလဲလွမ်းတယ်
ဘာမှမရှိလဲလွမ်းတယ်
ဘယ်ရောက်ရောက်လွမ်းတယ်
သတိရတယ် ..
ထားဝယ်ရဟန်းငယ်
သင်းကျွန်းရွာက မင်္ဂလာဆွမ်းကျွေးပွဲ
အဝေးကိုရောက်နေတဲ့သင်းကျွန်းရွာကသူတွေအတွက်
မင်္ဂလာမှတ်တမ်းလေးတစ်ခုတင်ပေးထားပါတယ်
အလှူမှတ်တမ်းကြည်ပြီးသွားပြီဆိုတော့ရွာအလွမ်းပြေမင်္ဂလာဆောင်
မှတ်တမ်းကြည့်လိုက်ကြပါ။
Friday, July 13, 2012
ဦးကျော်တင်+ဒေါ်ထွန်းကြူ အလှူ (ဒုတိယပိုင်း)
မိုးတွေရွာတိုင်းမျက်ရည်ဝိုင်း
ထားဝယ်သူထားဝယ်သားတွေဘာဖြစ်လို့ထိုင်းမှာများရတာလဲ လို့သူငယ်ချင်းတွေက
မေးကြတယ်။အလုပ်မရှိလို့လား ထိုင်းမှာပိုက်ဆံပိုရလို့လားတဲ့.....
ပြန်ဖြေဖြစ်တာကတော့...
ထားဝယ်ဘက်မှာမိဘပိုင် လယ်တွေ ခြံတွေရှိတော့ရှိတယ် ဒါပေမဲ့ ထိုင်းမှာကပိုက်ဆံအရမြန်တယ်
ထိုင်းမှာအလုပ်လုပ်ပြီးရွာကိုပိုက်ဆံပို့ ပြီး မိဘတွေရှိနေသေးတုံးအလှူကြီးတန်းကြီး
ပေးခြင်ကြတယ်ဒါထိုင်းကိုအလုပ်လာလုပ်တဲ့ထားဝယ်သူထားဝယ်သားတိုင်းရဲ့ဆန္ဒတွေဖြစ်တယ်။
နောက်ရည်ရွယ်ချက်တွေကတော့ အိမ်ဆောက်မယ် မိန်းမယူမယ် ဆိုင်ကယ်ကောင်းကောင်းဝယ်စီးမယ်ဆိုတာပါပဲ့။........
Friday, June 22, 2012
ဘ၀ဆက်တိုက် + ချင်တယ်ဆိုရင်
မနက်က ဆွမ်းလာကပ်ရင်းနဲ့ ပြောဖြစ်ကြတာလေးပါ...
ယူတုန်းကတော့ ကြိုက်လို့ယူကြ အတွေးအခေါ်မတူတော့ စိတ်ဆင်းရဲကြနဲ့...
တော်ကြားပေါင်းမယ် တော်ကြာကွဲမယ်...
ဒကာကြီး နောက်ဘဝ ဒကာမကြီးနဲ့ ဆုံချင်သေးလား...
ဟီးးး မဆုံချင်တော့ပါဘူးဘုရား...
ဒကာကြီး နောင်ဘဝမှာ မပေါင်းချင်တော့ဘူးဆို လွယ်လွယ်လေးပဲ...
အတွဲလေးမျိုး ဘုရားဟောထားတာရှိတယ်...
Friday, May 18, 2012
ဆရာ့ကျေးဇူး အောက်မေ့ခြင်းအမှတ်တရ
ပျံလွန်တော်မမှုမီ ၄ လအလိုစာရေးသူနှင့်ဆရာတော်ရိုက်ထားသည့်ပုံ |
သင်းကျွန်းတိုက်ကျောင်းဆရာတော်
မိမိ၏ငယ်ဆရာသင်းကျွန်းတိုက်ကျောင်းဆရာတော်ကားပျံလွန်တော်မူသွားပေပြီ။သို့ပေမဲ့ဆရာ့ကျေးဇူးတွေကိုကား
မေ့ထားလို့မဖြစ်ဘူးဟု စိတ်ထဲတွင်ခံယူချက်ထားလေသည်။
ပျံလွန်တော်မူခါနီးမှတ်မှတ်ရရ ဆရာတော်အားကျေးဇူးဆပ်ခွင့် နှစ်ခု ရခဲ့လေသည်။ မိမိစာသင်တိုက်ဗဟန်းညောင်တုန်းကျောင်းတိုက်ထုတ်မဂ္ဂဇင်းစာအုပ်
တစ်အုပ်ဝယ်ပြီးဆရာတော်အားအဝေးမှလူကြုံဖြင့်ထည့်လှူလိုက်သည်။
နောက်မှတကာတွေဆီမှသိရသည်က
အဲဒီစာအုပ်ကိုဆရာတော် နှစ်ရက်လောက်ဖတ်နေပြီး
ငါ့တပည့်ပေးလိုက်သည့်စာအုပ်ဖတ်လို့တယ်ကောင်းဟေ့
ဟုဆိုကာတကာ တကာမတွေကိုပြောသည်ဆို၏။
နောက်တစ်ခုက...........
Sunday, May 6, 2012
ကော့တောင်ကျွန်းပေါ်ကမြန်မာစေတီ
ထိုင်းနိုင်ငံ၊ စူရတ်ဌာနီခရိုင်၊ ကော့တောင်ကျွန်း၊ မြန်မာတိုင်းရင်းသားများစုပေါင်းတည်ထားကိုယ်းကွယ်
အပ်သော အဓိဌာန်ပြည့် ကိုးန၀င်းစေတီ ထီးတော်တင်းပွဲကို ၁၃၇၄ ခုနှစ်၊ မဟာကဆုန်လပြည့်နေ့တွင်
စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။ထိုထီးတော်တင်ပွဲကို ပင့်သံဃာ မြန်မာရဟန်း ၆ ပါး ထိုင်းရဟန်း၅ ပါးပင့်ဖိတ်ရာတွင် မြန်မာရဟန်းတပါးအနေဖြင့်လိုက်ပါသွားခဲ့ပါသည်။ ထီးတော်တင်ပွဲမှာလျှပ်တပျက်ရိုက်ခဲ့သောဓာတ်ပုံများကိုပို့စ်တစ်ပုဒ်အနေအားဖြင့်ဘလော့တွင်
မှတ်တမ်းတင်ထားလိုက်မည်ဟုစိတ်ကူးအတိုင်းရေးထားလိုက်ပြီ။
ဓာတ်ပုံကောင်းကောင်းရိုက်လိုသော်လည်း ရဟန်းတစ်ပါးအနေအားဖြင့်........
Saturday, March 10, 2012
အဲဒါမှ ရဟန်း
မဆုံသောလမ်း
သံသရာဝဋ်ဆင်းရဲမှထွက်မြောက်ပါရလို၏
သံသရာဝဋ်ဆင်းရဲမှထွက်မြောက်ပါရလို၏
သာမဏေ၀တ်စတုန်းကဆိုခဲ့ရတယ်
အဲဒီတုန်းကငါ..သံသရာဝဋ်ဆင်းရဲဆိုတာ
ဗွီဒီယိုဇာတ်ကားတစ်ကားရဲ့နာမည်လို့ပဲ့ထင်ခဲ့တယ်။
နိမ့်ကျသော သာမဏဘ၀မှ
မြင့်မြတ်သောဥဇင်းဘ၀သို့....
ပဉ္ဇင်းစ၀တ်တုန်းကဆိုခဲ့ရတယ်
အဲဒီတုန်းကငါ....
ဘာမှန်းမသိဘဲမြင့်မြတ်နေတယ်လို့ခံစားမိတယ်။
အခု ရဟန်း ၄ ၀ါလောက်ရတော့
တရားတွေဘာတွေဟော
ကိုယ်ဟောခဲ့တဲ့လောဘတွေ
ကိုယ့်ဆီပြန်ပြန်ရောက်လာတယ်လို့ထင်နေမိတယ်။
အခုတော့
မြင်သမျှအားရုံတိုင်းကို
သတိညဏ်နဲ့ကြည့်ဖို့မေ့လာပြီ၊
ဝမ်းမီးကောင်းတဲ့သူတွေအတွက်
စားသမျှအစာတွေဟာအားဖြစ်တယ်
သတိညဏ်ရှိသူတွေအတွက်
တွေ့သမျှအာရုံတိုင်းဟာတရားဖြစ်တယ်
(တောင်လေးလုံဆရာတော်ရဲ့သြ၀ါဒ)
အဲဒီလိုဆိုထားပေမဲ့
ငါ့အတွက်တွေ့သမျှအာရုံတိုင်းဟာ
တရားနဲ့ဝေးလာတော့တယ်။
ကြာလာတော့
ကိုယ့်နဲ့ခင်ရာမင်ရာတကာမတွေနဲ့
ကိုယ့်နဲ့ခင်ရာမင်ရာတကာမတွေနဲ့
သံယောဇဉ်စက်ဝန်းမှာ
လည်ပတ်မိပြီးသားတွေဖြစ်လာတယ်။
ပိယေဟိ ဇာယတေ သောကော
'ချစ်ခြင်းကြောင့်သောကတွေဖြစ်ရတယ်တဲ့'
ဗုဒ္ဓဟောကြားခဲ့တာတွေ
သတိညဏ်နဲ့သိလာတဲ့တစ်နေ့....
ဘယ်သူမှမကယ်နိုင်
ကိုယ့်သမုဒယချည်တိုင်
ကိုယ်တိုင်ဖြေလျှော့
နှလုံးသားကိုသော့ခတ်
မဆုံသောလမ်းကိုအိပ်ထမ်းလို့မြန်း
ခွဲခွါခဲ့ရင်
အကြည့်တစ်ချက်တောင်မထားခဲ့စတမ်း
အဲဒါမှ ရဟန်း။
မှတ်ချက်။ အင်တာနက်မှာတွေ့သောဓာတ်ပုံတစ်ပုံအားသဘောကျပြီးကဗျာလိုလိုစာလိုလိုရေဖွဲ့ပါသည်
ထားဝယ်ရဟန်းငယ်(စာမေးပွဲဖြေပြီးနောက်တရက်အမှတ်တရ)
Monday, February 6, 2012
ထိုင်းမှာဘုန်းပေးခဲ့ရသောမြန်မာဆွမ်း (ထိုင်းအတွေ့အကြုံ အပိုင်း၃)
ဆွမ်းကပ်လာသောမြန်မာတွေကိုဝပ်တလုမ်ကျောင်းဆရာတော်မှပရိတ်ရေဖြန်းပေးနေပုံ
ထိုင်းအတွေ့အကြုံ (အပိုင်း ၃)
ထိုင်းမှာဆွမ်းစားတော့မယ်ဆိုရင် အာညောင်းအောင်ရွတ်ရဖတ်ရပါတယ်။မစားခင်အကြာကြီးရွတ် စား
ပြီးလျှင်လည်းအကြာကြီးရွတ်ဆိုတော့ မြန်မာသံဃာတွေအနေနဲ့ ထိုင်းဆွမ်းစားဆိုရင်ဝေးဝေးရှောင်နေ
တာကများပါတယ်။ တခါတလေ ရှောင်မရသည့်အဆုံးလိုက်သွားရတာလဲကြုံတတ်ပါတယ်။
လိုက်နေကျမဟုတ်တော့ ကိုးယိုးကားယားနိုင်တာတွေလဲကြုံရပါတယ်။
ရိုးရိုးဆွမ်းကပ်တာကိုအသုဘရပ်တောင်ကြီးယူသွားပြီးခပ်တည်တည်ထိုင်နေတာကို ထိုင်းတကာမတွေ မျက်နှာပျက်နေတာလဲကြုံဘူးတယ်။ သူတို့မှာက သာရေးနာရေး အတွက်ရပ်တောင်တွေခွဲခြားထားတယ်။
မြန်မာပြည်မှာလို့ တွေ့တဲ့ရပ်တောင်ဆွဲသွားလို့မရပါလားဆိုတာ သိလိုက်ရတယ်။
ဆွမ်းစားပြီးရင် ရွတ်ရပြန်သေးတယ်။
ကလေး+အလုပ်+ငိုသံ=ဘဝ
ကလေး +အလုပ်+ငိုသံ=ဘဝ
လူလားမမြောက်သေးတဲ့ကလေးကို
လောကဓံတွေကခိုစီးလို့
ဆင်းရဲခြင်းဆိုတာ
ကိုရေးခဲ့တဲ့ဇာတ်ညွန်းတွေကို
ကိုယ်ကိုတိုင်သရုပ်ဆောင်ရတာပဲ့။
လူတိုင်းကိုချမ်းသာအောင်လုပ်ပေးလို့မရဘူး
လူတိုင်းကချမ်းသာဖို့ကံကိုလုပ်ခဲ့ကြတာမှမဟုတ်ဘဲ
ဒါကဘာသာရေးဘက်က
အကျိုးအကြောင်းတွေပါ။
မင်းကောင်းမင်းမြတ်အုပ်ချုပ်သော
နိုင်ငံတွင်သာလူဖြစ်ရပါလို၏ဘုရား
အရင်ကလဲဆုတောင်းဖူးခဲ့မယ်ထင်ပါရဲ့
ငါ
ဆုတောင်းတွေကို
ကံကြမ္မာကအသိအမှတ်ပြုဘို့မေ့နေရော့သလား
ဝဋ်ကြွေးတွေမကုန်သေးလို့ပဲ့လား?
လွတ်လပ်ခြင်းကင်းသောဘ၀တွေဟာ
ချမ်းသာသော်လည်းဆင်းရဲတယ်
ဆင်းရဲရင်တော့
ငရဲနဲဘာမှမထူးဘူး
ဒါက
အခုဖြစ်ပျက်နေတဲ့
အကျိုးအကြောင်းတွေပါ။
ထားဝယ်ရဟန်းငယ်(၂.၆.၂၀၁၂)
Tuesday, January 31, 2012
လူထုနဲ့အတူ
လူထုနဲ့အတူ
"သံဃာတော်တွေအနေနဲ့မဲပေးခွင့်မရှိပေမဲ့
NLD ဒီကိုမဲထည့်ဖို့တော့တိုက်တွန်းခွင့်ရှိတယ်"
(ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မိန့်ခွန်းမှ)
ဟုတ်လိုက်လေခြင်း
ငါတို့တွေလုပ်နိုင်တာကိုမေ့တော့မလို့၊
တိုက်ပေါ်နေရပေမဲ့
တဲပေါ်ကစကားလုံးတွေက
တိုက်ပေါ်မှာလာလာထွက်ကျတော့
ဘုန်းဘုန်းတို့ မျိုမကျဘူးလေ။
သာသနာဟာ
ဒီမိုကရေစီရှိတဲ့နိုင်ငံမှာ
ပေါ်ထွန်းခဲ့တာပါ။
လူတစ်စုကောင်းစားရေးလုပ်မူကြောင့်
သာသနာတော်ရဲ့
ပေါင်းကူးတံတားတွေ
ရိုက်ချိုးခံရပြီး
သံတိုင်နောက်ကိုရောက်သွားကြရတယ်။
အကျင့်ဆိုးထဲမှာ
နှစ်ပေါင်းများစွာကျွံ ခဲ့တဲ့ငါတို့ပြည်
ပြည်သူတွေနဲ့အတူ
ဝိုင်းကူတွန်းအံ့။
ထားဝယ်ရဟန်းငယ်(ဒေါ်စု ထားဝယ်ရောက်အမှတ်တရ)
Friday, January 27, 2012
ထိုင်းဘုန်းကြီးကျောင်းနဲ့ သရဲ(ထိုင်းအတွေ့အကြုံများအပိုင်း ၂)
ထိုင်းဘုန်းကြီးကျောင်းနဲ့ သရဲ(ထိုင်းအတွေ့အကြုံများအပိုင်း ၂)
ထားဝယ်ရဟန်းငယ်
ထိုင်းဘုန်းကြီးကျောင်းမှာနေတာကြာလာတော့ထိုင်းရဲ့လူနေမူစရိုက်တွေကိုသိလာရတယ်။ထိုင်းမှာတော်
တော်များများကိုသဘောကျပေမဲ့ ဘာသာရေးနဲ့ပက်သက်လာရင်ဘ၀င်မကျစရာတွေတော်တော်များများ
တွေ့ရတယ်။အဲဒီထဲမှာတစ်ခုက မီးသင်္ဂြိုလ်စက်တွေကိုဘုန်းကြီးကျောင်းထဲမှာထားတာပါ။
ထိုင်းဘုန်းကြီးကျောင်းထဲမှာ ပရလောကသားတွေကော ဘုန်းကြီးတွေနဲ့ကောပြည့်ကျပ်လို့နေရတယ်။
ဘုရားလက်ထက်ကတောင်မှ သင်္ချိုင်းနဲ့ဘုန်းကြီးကျောင်းတခြားစီ ထားခဲ့တာပါ။ ကျောင်းထဲမှာသင်္ချိုင်းထား
လို့ရရှိလာတဲ့အကျိုးဆက်တွေကတော့ သေတဲ့လူရဲ့ပစ္စည်းတော်တော်များများကိုကျောင်းမှာတစ်ခါတည်းလှူ
ထားခဲ့တာပါပဲ့။ အသုဘကို ၇ ရက်ခန့်ထားရပါတယ် ၇ ရက်လုံးလုံး..........
မင်္ဂလာဆောင်မှာကျတဲ့မျက်ရည်
မင်္ဂလာဆောင်မှာကျတဲ့မျက်ရည်
စာရေးသူဒီနှစ်တရုတ် နှစ်သစ်ကူးမှာ ဘယ်မှမသွားဘူး ကျောင်းမှာပဲ့အေးအေးဆေးဆေးနေတော့
မယ်လို့စိတ်ကူးတုံးရှိသေး စူလတ်မြို့ ချိုင်ယာ မှာနေသောညီကဖုန်းဆက်လာသည်။
မင်္ဂလာဆွမ်းစားကြွပါလို့လှမ်းပင့်တာပါ။ သွားစရာလည်းဘယ်မှမရှိတာနဲ့လက်ခံလိုက်သည်။
ကားလက်မှတ်ကြိုဖြတ်ထားပြီး လာမဲ့ရက်အတိအကျပြောထားလိုက်သည်။
တကာတွေကဘုန်းကြီးကြွလာမှ လုပ်ရကိုင်ရတာ အားရတယ်............
Sunday, January 22, 2012
တိပိဋကဆရာတော်တစ်ပါးနှင့်ခဏအတွေ့ မှတ်သားစရားအဆုံးအမများ
တိပိဋကဆရာတော်တစ်ပါးနှင့်ခဏအတွေ့ မှတ်သားစရားအဆုံးအမများ
မြန်မာပြည်တွင်းမှာအမြင့်ဆုံးဘွဲ့ရတိပိဋက ဆရာတော်အရှင်ဂန္ဓမာလာလင်္ကာရသည်
အင်္ဂလန်မှာကျောင်းတက်ခဲ့တဲ့ဆရာတော်တစ်ပါးဖြစ်သည်။
ပိဋကတ်အတွေ့အကြုံ နိုင်ငံခြားအတွေ့အကြုံများဖြင့်ပြည့်နေသောဆရာတော်ကြီးသည်
ပရဟိတတွေကိုလဲလုပ်ဆောင်နေပါသည်။
ဆရာတော်သည်တရားပွဲကျင်းပရာ ထိုင်းနိုင်ငံ ပန်ပူရီမြို့ ပန်းရောင်နာနတ်သီးစက်ရုံ
တိုင်းရင်းသားပေါင်းစုံ စုပေါင်းကျင်းပသောတရားပွဲသို့ ရနောင်ဌာနီ စာသင်ကျောင်း ကလေများ
အတွက် လေယဉ်အပေါ်ကဆင်းဆင်းခြင်း ၃ နာရီခရီးကို ကြွလာခဲ့ပါသည်။
တရားကိုနှစ်နာရီ ခန့်ဟောကြားပါသည်။.......
Friday, January 20, 2012
ထိုင်းအတွေ့အကြုံများ အပိုင်း(၁)
ထိုင်းအတွေ့အကြုံများ(ပတ်စပို့သက်တမ်းတိုးခြင်း)
ပတ်စပို့အသစ်
ထိုင်းနိုင်ငံမှာတစ်နှစ်နေထိုင်ခွင့်ရထားသူများဟာ တကယ်လို့ စာအုပ်သက်တမ်းကုန်သွား
မယ်ဆိုရင်၊မြန်မာသံရုံးမှာစာအုပ်အသစ်ရဘို့လျှောက်ရပါတယ်။
မြန်မာသံရုံးမှာလိုအပ်တဲ့စာရွက်စာတန်းများကတော့
၁..ကိုယ်နေထိုင်ရာကျောင်း(တက္ကသိုလ်)ထောက်ခံစာ
၂..မြန်မာသာသနာဝင်မှတ်ပုံတင် မိတ္တူ
၃..စာအုပ်တစ်အုပ်လုံး မိတ္တူ..........
Thursday, January 19, 2012
မျက်မှောက်တမ်းခြင်း
ငြိမ်းအေးချင်တဲ့ငါ
ပူလောင်မူတွေအဟတ်ခံနေရတယ်။
လွတ်မြောက်ချင်တဲ့ငါ
ချုပ်နှောင်ခြင်းတွေကြားနေရတယ်။
လွတ်လပ်ချင်တဲ့ငါ
ဖိနှိပ်တာတွေကြုံနေရတယ်။
ရှေ့ကိုတက်မဲ့ဆင်
နောက်ကိုခြေတလှမ်းဆုတ်တယ်တဲ့
အခုပေစ္စက္ခကော
အဲဒီလိုအနာဂါတ်ပုံပြင်လား?...
သူများတွေသံဝေဂတွေရကုန်တာတောင်
သံဝေဂနဲ့စစ်ကြေငြာနေတယ်။
ငှက်ပျောပင်ဟာ
ငှက်ပျောသီးကြောင့်ပျက်စီးရသလို
အေးဆေးတဲ့ဘ၀လေးဟာလဲ
အမှန်မမြင်နိုင်တဲ့မောဟတွေကြောင့်
တစ်နေ့
နောင်တတွေရဲ့ ချုပ်နှောင်ခြင်းကိုခံရမယ်။
ထားဝယ်ရဟန်းငယ်(နိုင်ငံခြားရောက်ပြီးပထမဆုံးရေးသောကဗျာ)
လက်ငင်းအကျိုးပေးတဲ့ ဒါနစေတနာ
ဘယ်နေရာရောက်ရောက်
ခွေးကျွေးတဲ့အလုပ်ကလေးကိုတော့ ၀တ်တစ်ခုလိုကိုထားပြီး လုပ်ဖြစ်ပါတယ်။
တစ်ခါတလေဆို လမ်းပေါ်မှာခွေးပိန်ကလေးတွေ တွေ့ရရင်တောင် နီးစပ်ရာ
မုန့်ဆိုင်က၀ယ်ပြီး ကျွေးခဲ့ဖူးပါတယ်။ တစ်နေ့တော့ ဒီခွေးကျွေးတာနှင့်
ပတ်သက်ပြီး သူငယ်ချင်းက မေးခွန်းတစ်ခု မေးလာပါတယ်။
“တနင်္လာနံမို့ ခွေးကျွေးတာလား” တဲ့။
မိမိက “တနင်္လာနံ ဆိုတာ ဘာလဲ” လို့ ပြန်မေးတော့ သူငယ်ချင်းက “ငွေနံလေ” တဲ့။
ဒီတော့မှ
မိမိလည်းသဘောပေါက်သွားပြီး “တနင်္လာနံကြောင့်တော့.........
Subscribe to:
Posts (Atom)