Sunday, June 27, 2010

ဘန်ကောက်မှာလောင်းတဲ့ဆွမ်းခြောက်

ဘယ်ကိုမှကြွစရာမရှိတာနဲ့ထိုင်းဆွမ်းဆန်စိမ်းလောင်းပွဲကို
ဗဟုသုတအလို့ ငှါလိုက်သွားဖြစ်ပါတယ်။
မနက်၎ နာရီခွဲကနေပြီးကားနှစ်စီးနဲ့သံဃာအပါးတရာကြွ
သွားလိုက်တာမနက်၇ နာရီလောက်ရောက်ပါတယ်။
ရောက်တာနဲ့  တော်တော်ကောင်းတဲ့ ရပ်ကွက်
ဘောလုံးကွင်းထဲမှာခင်းထားတဲ့ထိုင်ခုံ
တွေအပေါ်မှာထိုင်နေရပါတယ်။သံဃာအပါးတစ်ထောင်
လောက်ဖြစ်မယ်ထင်တယ်။တော်တော်များပါတယ်။
အာရုံဆွမ်းကပ်တာကတော့ဘူးလေး
တွေနဲ့ကပ်တာပါ။ကိုယ့်နေရာမှာကိုယ်ထိုင်စားရပါတယ်။
သံဃာအများကြီးကိုဒီနည်းနဲ့ဆွမ်းကပ်တာက
တော့ မှတ်သားစရာကောင်းပါတယ်။အလုပ်ရှုပ်သက်သာလို့ ပါ။
ဆွမ်းစားပြီးထိုင်းလိုနဲ့ဘုန်းကြီးကတရားဟောပါတယ်။
၈နာရီခွဲလောက်ရောက်တော့ နဖူးကခြွေးတွေခြေမကိုကျနေပြီ။
အမိုးမရှိတဲ့ဘောလုံးကွင်းနပူပူထဲမှာတစ်ခါမှမ
ထိုင်းဖူးလားတော့မသိဘူး
ဒီတစ်ခါနောက်ဆုံးလို့တောင်စိတ်ထဲကဖြစ်မိပါတယ်။
သူဌေးဆိုတဲ့ လူတွေက အမိုအောက်မှာအခန့်သားထိုင်နေ
တာကိုကည့် ပြီး ဒီ နိုင်ငံကလူတွေ
ဘုန်ုးကီးကိုတော်တော်နိုင်ပါလားလို့တွေးမိပါတယ်။
သူတို့ ထားတဲ့ နေရာမှာနေရလို့ပါ။
တကယ်ဆိုတန်းတူထားမယ်ဆိုရင်တောင်ကျေနပ်လို့ရပါသေးတယ်။
အခုတော့  ထီးရိုးကထီးထက်မြင့် တဲ့ ကိန်းဆိုက်နေလို့ 
ရင်ထဲကဖြစ်တာလေးတွေကိုမှတ်တမ်းတင်ထားလိုက်တော့မယ်..။

No comments:

Post a Comment