Wednesday, June 16, 2010

ချင်းမိုင်ကမြန်မာကျောင်း


ကျောင်းထဲကိုဝင်လိုက်တယ်ဆိုယင်ပဲ့ မြန်မာ
ပြည်ကိုရောက်နေသလားထင်မှတ်ရလောက်
အောင်မြန်မာဆန်လွန်းတာကတော့ ချင်းမိုင်က ၀ပ်ဆိုင်မွန် မြန်မာကျောင်း ဖြစ်ပါတယ်..။
ကျောင်းထိုင်ဘုန်းကြီးကအသက်ကြီးပြီဆိုတော့ ...
တချိန်ကြရင်ထိုင်းကျောင်းဖြစ်သွားတော့မဲ့အရေးမဆီမဆိုင်တွေးပူမိသား..။
ထိုင်းမှာက ဒုတိယအဆက်
အနေနဲ့ မြန်မာဘုန်းကြီးပိုင်ခွင့်မရှိအောင်ဥပဒေ
တွေနဲ့တားဆီးထားတော့ မြန်မာကျောင်းတွေဟာ ထိုင်းတွေရဲ့ လက်အောက်ကို
ရောက်သွားကြတယ်..။ လန်းပန်း မြို့ မှာဆိုယင် မြန်မာကျောင်း တစ်ကျောင်းသာ
ကျန်ပြီး ကျန်သော ၈ ကျောင်းကထိုင်းတွေသိမ်းထားလိုက်ပြီလေ..။
နိုင်ငံခြားသားတွေကိုပြတိုက်အဖြစ်ပြစားရင်းပိုက်ဆံရှာနေကြတယ်..။
မရောက်ဖူးလို့ သွားကြည့်တာ မြန်မာမှု မြန်မာ့ဟန်တွေကိုကြည့်ရင်အံ့သြ
မြန်မာတွေမပိုင်တော့ပါလားလို့တွေးရင်းရင်မောပြီးပြန်ခဲ့ရတယ်..။

No comments:

Post a Comment