Friday, January 27, 2012

မင်္ဂလာဆောင်မှာကျတဲ့မျက်ရည်


မင်္ဂလာဆောင်မှာကျတဲ့မျက်ရည်

စာရေးသူဒီနှစ်တရုတ် နှစ်သစ်ကူးမှာ ဘယ်မှမသွားဘူး ကျောင်းမှာပဲ့အေးအေးဆေးဆေးနေတော့
မယ်လို့စိတ်ကူးတုံးရှိသေး စူလတ်မြို့ ချိုင်ယာ မှာနေသောညီကဖုန်းဆက်လာသည်။
မင်္ဂလာဆွမ်းစားကြွပါလို့လှမ်းပင့်တာပါ။ သွားစရာလည်းဘယ်မှမရှိတာနဲ့လက်ခံလိုက်သည်။
ကားလက်မှတ်ကြိုဖြတ်ထားပြီး လာမဲ့ရက်အတိအကျပြောထားလိုက်သည်။
တကာတွေကဘုန်းကြီးကြွလာမှ လုပ်ရကိုင်ရတာ အားရတယ်............
တရက်ကြိုတင်ကြွပါလို့ပင့်လျောက်သော်လည်း
ဆွမ်းစားတဲ့ရက်နေ့လည်အမှီကြွလာမည်ဖြစ်ကြောင်းပြောထားရသည်။ ကားလက်မှတ်က ၁၉း ၃၀ နာရီ
စိတ်ထဲမှာ ၈နာရီခွဲလို့ပဲ့ထင်နေမိသည်။ သွားမဲ့ရက် ည ၇ နှစ်နာရီ ခွဲဖို့ ၁၀ မီနစ်အလို မှ ငါ့လက်မှတ်က ၇ ခွဲပါလားလို့သိလိုက်ရတော့ ဘာပြောကောင်းမလဲ အထုတ်ဆွဲပြီး အမြန်ပြေးရတော့တာပေါ့။
ကားအကောင်းစားကြီးအပေါ်မှာတစ်ယောက်တည်းမောနေတော့တာပဲ့ ။ မှီယုံလေး မို့ သာတော်တော်တော့တယ်။အဲဒါသာလွဲသွားရင် ပေးထားတဲ့ကတိတွေကြိုးပြက်သွားမှာမို့တော်တော်စိုး
ရိမ်းမိသွားတယ်။ပေးထားတဲ့ကတိကိုဘယ်လိုနည်းနဲ့မှ အပျက်မခံနိုင်ဘူးလေ။ နာရီအကြည့်မှားတဲ့ဒုက္ခ
ကြောင့် နဂါးနှစ်မှာ အပူတွေစောစောစီးစီး အဟပ်ခံလိုက်ရတယ်။

ချိုင်ယာသို့ ၄ နာရီခွဲလောက်ရောက်ပါတယ် စောင့်နေတဲ့တကာတွေရှိလို့အဆင်ပြေတယ်။သူတို့သာနောက်
ကျရင် တစ်ယောက်တည်းစောင့်နေရတာခြင်ကိုက်တယ်။ အာရုံဆွမ်းဘုန်းပေးပြီး အနားယူလိုက်တယ်။
မင်္ဂလာဆောင်တဲ့သူတွေအကြောင်းကြားရတော့ တရားဟောဖို့တောင် တော်တော်ခက်သွားတယ်။
သတို့သားက အသက်၁၇ သတို့သမီးက အသက် ၁၅ မိဘတွေကသိပ်သဘောတူတာမဟုတ်ဘူးတဲ့။
ကြားရတာမသက်သာလှဘူး။ သူတို့ကိုကြည့်ရတော့လည်းကလေးသာသာပဲ့ရှိသေးတယ်။
တောထဲမှာနေတာကြာတော့ ဘာသာရေးနဲ့လဲဝေးနေသေးတဲ့ပတ်ဝန်းကျင်ဆိုတာသိလိုက်ရတယ်။
မင်္ဂလာပွဲဆိုတာ ဘုန်းကြီးနဲ့ဘာဆိုင်လဲ လို့အမေးခံရတယ်တဲ့။စီစဉ်သူတကာကလျှောက်လို့သိရတာပါ။
သူတို့ဆီကမင်္ဂလာဆောင်တွေကများသောအားဖြင့် ဖဲဝိုင်း အရက်ဝိုင်းတွေနဲ့ပြီးတာများတယ်တဲ့။
သတို့သမီးဘက်ကပါလာသူတွေအများကြီးဆိုပေမဲ့ သတို့သမီးအမေတစ်ယောက်သာတရားလာနာပါတယ်။
ကျန်တာတွေကတော့ အပြင်မှာမသိသလိုနေကြပါတယ်။

တရားစဟောတော့ ငိုသံသဲသဲကြားနေရပြီ။ ဟာဘာဖြစ်တာပါလိမ့် မင်္ဂလာပွဲနဲ့ငိုသံ သိပ်တော့မအပ်စပ်မှန်း
မသိဘူးလားမသိဘူး။ ငိုသံ ကိုဂရုမစိုက်အားပဲ့ သီလဆက်ပေးလိုက်သည်။ ငိုသံကရပ်မသွားပေ။
သူတစ်ယောက်အတွက်နဲ့တော့ တရားဟောတာအပျက်မခံနိုင်ဘူးဖြစ်ချင်ရာဖြစ်ဆိုပြီးတရားဆက်ဟော
ပါသည်။ ရေစက်ချပြီးလို့ ငိုသံကကျယ်လာပါသည်။ မေးကြည့်တော့ သတို့သမီး ၉ နှစ်သားအရွယ်လောက်
ကသေသွားတဲ့သူ့ယောက်ျားဝင်ပူးတာဖြစ်သည်။ ၀င်ပူးသူက သူသားတွေ ရှင်ပြုပေးပါ ရှင်ပြုမပေးရင်
မကြီးပွါးဘူးဟုပြောပြီး သာဓုခေါ်ကာထွက်သွားပါသည်။ ကျန်ခဲ့တဲ့သူ့သားနှစ်ယောက်ရှင်ပြုပေးဖို့ဆို
ချဲဂဏန်းတောင်းဖို့မေ့သွားကြသည်။ တောင်းလိုက်ရင်အကောင်းသားလို့။ တမလွန်ကလူရဲ့ဆန္ဒကိုတော့
ဖြည့်ပေးလိုက်ကြပါလို့ သူ့အမေကိုတိုက်တွန်းလိုက်ရသည်။ပြောသာပြောတာ သူ့မှာကလည်း လင်ငယ်နဲ့ ဖြစ်နေတော့ တမလွန်က လူရဲ့ဆန္ဒကို အလေးထားပါအုံးမလားဆိုတာကတော့
ကျန်ခဲ့တဲ့ မိန်းမသားရဲ့ သစ္စာတရားနဲ့ကျေးဇူးအပေါ်မှာမူတည်နေတာပါ။



     
ရှေ့မှာရှိနေတဲ့မင်္ဂလာစုံတွဲကိုကြည့်ပြီး
တစ်ယောက်ယောက်သေသွားခဲ့ရင်တောင်မှ
အမျှဝေဖို့ မမေ့ကြေးဆိုတာကို
တိုးတိုးလေးဆုပေးလိုက်တယ် ။


ထားဝယ်ရဟန်းငယ်(ချိုင်ယာအမှတ်တရ)




                                                            

No comments:

Post a Comment