Friday, March 1, 2013

တရားနားခြင်းဆိုသည်မှာ


တရားဆိုတာ လူ့ဘ၀ရဲ့အလှ၊ လူ့ဘ၀ရဲ့ ဂုဏ်သိက္ခာ၊ 
လူ့ဘ၀ရဲ့ အရှိန်အ၀ါ၊ လူ့ ဘ၀ရဲ့ စွမ်းအင်၊ 
လူ့ဘ၀ရဲ့ အတောင်ပံ ဖြစ်ပါတယ်။ 

*~~~~~~~~~~~~~~~~~~*


                                     တရားဆိုတာ လူ့ဘ၀တစ်ခုလုံးကို လွှမ်းခြုံနေတဲ့ အရာပါ၊ 
 သူက အမြင်ကို ကျယ်ပြန့်စေပါတယ်။ နှလုံးကို ကြီးမားစေပါတယ်။
 မြင့်မြတ်မှုအတွက် စံပြုထိုက်တဲ့ ဘ၀နေနည်းတစ်ခုဖြစ်သလို
 နှလုံးစိတ်ဝမ်းကို အေးချမ်းကြည်လင် ဖြူစင် သန့်ရှင်း
 ပြုံးပျော်စေနိုင်တဲ့ နိဿရည်းကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ 
အရာရာမှာ ကောင်းကျိုးပေးတတ်တဲ့ ဒီတရားဟာ အားလုံးအတွက်ဖြစ်ပါတယ်........