Thursday, December 30, 2010

ဒို့ရွာကထိန် ဒုတိယပိုင်း



အပျင်းပြေဆက်ကြည့်လိုက်ကြပါအုံး
မှတ်တမ်းတင်ထားတဲ့အနေနဲ့
တင်ထားလိုက်တာပါ။

Wednesday, December 29, 2010

တို့ရွာကထိန် ပထမပိုင်း



အဝေးကိုရောက်နေသောသင်းကျွန်းသူ/သင်းကျွန်းသားတွေ
ရွာအလွမ်းပြေကြည့်ရင်း သာဓုခေါ်နိုင်ရန်ရွာကထိန်
ဗီဒီယိုတစ်ဖိုင်တင်ထားလိုက်တယ်။
ဗီဒိယိုရိုက်တဲ့လူကသူ့ဆိုင်ကြော်ငြာရင်း
ထားဝယ်ဒေသထင်းရှားတဲ့နေရာတွေပါရိုက်ထားတာပါ။
ကြည့်လို့ကောင်းတယ်။

Sunday, December 26, 2010

ထားဝယ်ရေနက်ဆိပ်ကမ်းဓာတ်ပုံများ


ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကိုထိုင်း+အီတလီတို့
ပေါင်းပြီးတည်ဆောက်နေပြီဖြစ်ပါတယ်
မြေဧကတသိန်းလျှာထားပါတယ်
အနီးအနားရွာတွေအသိမ်းခံရမှာလား
ပိုက်ဆံရမှာလားဆိုတာကိုအခုထိ
သတင်းတွေထဲမှာမပါသေးဘူး။
ထားဝယ်သူ/သား တွေပြည်တွင်းသတင်း
တွေကိုအဆက်မပြတ်လေ့လာနေရမယ်။
မတရားတွေမှန်သမျှသတင်းတင်နိုင်အောင်
ကြိုးစားကြရမယ်။ စီမံကိန်းအကြောင်း ဒီမှာ ကြည့်ပါ။

Wednesday, December 22, 2010

ALL PLAYER

တော်တော်ကောင်းတဲ့ပလေယာလေးပါ
မိတ်ဆွေတို့စိတ်ကြိုက်တွေ့မယ်ထင်ပါတယ်
လိုချင်ရင် ဒီမှာ သွားယူလိုက်ပါ

Monday, December 6, 2010

PhotoMatrix ဓာတ်ပုံ ဟိုစပ် ဒီစပ်လုပ်မယ်

ဒီဆော့ဝဲလေးကတော့ ရူခင်းတွေကို ပေါင်းစပ်ကြည့်နိုင်တဲ့ Portable လေးပါ။ လူနဲ့ရူခင်း တွေကိုပါ တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ပေးနိုင်ပါတယ်။ နေရာနှစ်ခုကို မိမိစိတ်ကြိုက် တစ်နေရာတည်း ဖြစ်အောင် ပေါင်းစပ်ခံစား နိုင်ပါတယ်။ မိမိမရောက်ဖူးတဲ့ နေရာဒေသတွေကို ဗီဇာပတ်စပို့စ် တွေမလိုဘဲ ရောက်အောင်သွားနိုင်တဲ့ ဆော့ဝဲလေးမို့ ကမ္ဘာပတ်မယ်ဆိုရင် ရက်ရှစ်ဆယ်တောင် မကြာဘဲ ရောက်အောင်သွားပြီး အမှတ်တရ ပုံတွေရိုက်နိုင်ပါတယ်။ ခံစားကြည့်ကြပါ။
လိုချင်ယင် ဒီမှာသွားယူလိုက်ပါ
မူရင်း မိုးထက်မြင့် ဆိုက်ထဲကယူထားသည်။

Sunday, December 5, 2010

pdf-to-word-converter

PDF ကနေ Word ကို ပြောင်းလဲတဲ့ ဆော့ဝဲလ် လိုလို့ လိုက်ရှာနေတာ တစ်ခုမှ အဆင်ပြေပြေ မတွေ့ပါဘူး။ ဒီနေ့တော့ Pdf to Word ဆော့ဝဲလ်တစ်ခု ရခဲ့တယ်။ သုံးတော့ မကြည့်ရသေးဘူး။ အဆင်ပြေနိုင်ကောင်းပါရဲ့။ စာဖတ်သူတွေလဲ လိုအပ်မယ်ဆိုရင် Download ယူလိုက်ပါ။

ဖိုင်က Password ပေးထားပါတယ်။ အဲဒါကတော့ waz-warez.org ပါ။ Keygen file တော့ ထည့်ပေးထားပါတယ်။ အဲဒီဖိုင်ကို ဖွင့်မရခဲ့ရင် ဒီ 658812724157V7317176 ကို ယူသုံးလိုက်ပါ။ Email ဆိုတဲ့ အကွက်မှာတော့ မိမိတို့ နှစ်သက်ရာ မေးလ်တစ်ခုကို ဖြည့်လိုက်ပါ။ အဆင်ပြေပါစေ။

မောင်စေတနာဆိုက်ကတွေ့လို့သိမ်းထားလိုက်တာပါ။

Monday, November 29, 2010

xp အကြောင်းသိကောင်းစရာတွေ

သူများကိုကွန်ပျူတာပြပေးတဲ့အခါ
ကိုယ်သိတာလေးတွေမေ့နေတတ်ပါတယ်
ကိုယ်တိုင်ပြန်ကြည့်မယ်ဆိုရင်လွယ်ကူအောင်
ဒီမှာ သွားကြည့်သင့်တယ်။

Tuesday, November 23, 2010

ထိုင်း အင်္ဂလိပ် စကားပြော

ထိုင်း+အင်္ဂလိပ်စကားပြောနည်းလေ့
လာလို့ရအောင်မှတ်စုအနေနဲ့တင်ထားလိုက်တာပါ။
ဘာသာစကားပေါင်းစုံသင်ပေးနေတဲ့ဆိုဒ် တွေကို
လေ့လာချင်ယင် ဒီမှာ သွားကြည့်ပါ။
ဘာသာစကားတော်တော်များတတ်သူတွေဟာခေါင်းတစ်လုံး
အပိုပါတာနဲ့တူတယ်။

Monday, November 22, 2010

မရှိမဖြစ်စာအုပ်ဆော့ဝဲလ်win rar

အင်တာနက်မှာဒေါင်းလော့ဆွဲမယ်ဆိုယင်
ဒါလေးကမရှိမဖြစ်လိုအပ်တာပါ
အင်တာနက်မှာတင်ထားတာမှန်သမျှက
စာအုပ်ဖိုင်တွေနဲ့မို့ပါ
အဲဒါသွင်းမထားယင်ဘာမှဆွဲလို့ရမှာမဟုတ်ပါဘူး။
လိုချင်ရင် ဒီမှာ သွားဆွဲလိုက်ပါ။

Tuesday, November 2, 2010

U S B အတွက်

USB antibody က Memory stick , MP4, JXD, SD Card
တွေထဲ ဗိုင်းရပ်စ် ၀င်တာကို ကာကွယ်ပေးတဲ့ ဆော့ဝဲလ်လေးပါ။
ကွန်ပျူတာထဲမှာ Install လုပ်ထားရမှာ ဖြစ်ပြီး မိမိ
တို့ ဗိုင်းရပ်စ်အန္တရာယ် ကာကွယ်ချင်တဲ့
Memory stick , MP4, JXD, SD Card
စတာတွေကို စက်မှာ တပ်ဆင်ပါ။

Memory stick , MP4, JXD, SD Card တွေထဲမှာ ဗိုင်းရပ်စ်၊
ဒါမှ မဟုတ် Autorun.inf ဖိုင်ရှိနေရင် အပေါ်မှာ
ကွင်းဝိုင်းထားတဲ့အတိုင်း လုပ်ပြီး Delete လုပ်ရပါမယ်။












ပီးရင် နောက်ထပ် ဗိုင်းရပ်စ် မ၀င်ရောက်ဖို့အတွက် အပေါ်မှာ
ပြထားတဲ့အတိုင်း Install လုပ်ထားပေးရပါမယ်။ ဒါဆို
Memory stick , MP4, JXD, SD Card ထဲက
ို ဗိုင်းရပ်စ်ဝင်ရောက်ဖို့ မလွယ်ကူလောက် တော့ပါဘူး။
ဆော့ဝဲလ်ကို ဒီမှာဒေါင်းလိုက် ပါ။

မသိသေးသောသူများလည်းသိအောင်
ကိုယ်တိုင်လည်းသိမ်းထားတဲ့အနေနဲ့
မောင်စေတနာ ဆိုဒ်မှကူးယူကာတင်ထားသည်။

Monday, November 1, 2010

U S B တွေစိတ်ချဖို့


မိမိကွန်ပျူတာမှာမန်မိုရီထိုးလိုက်ရင်တစ်ခါတလေ
ဗိုင်းရတ်စစ်ဖို့မေ့နေတတ်ပါတယ်။
အဲဒီအတွက်ဘာမှမပူနဲ့ ဒါလေး ဆွဲ
ထားလိုက် အားလုံးအဆင်ပြေစေရမယ်။
သူကအော်တိုစစ်ပေးတယ်လေ။

Tuesday, October 12, 2010

သီတဂူဝက်ဆိုက်


သီတဂူဆရာတော်ကြီးရဲ့လုပ်ဆောင်ချက်တွေကို
အားကျအတုယူသာဓုခေါ်လိုရင် ဒီမှာသွား
လိုက်ပါ။

English သင်တန်း

English စာလေ့ လာလိုသူတွေအတွက်
နေရာကောင်းလေးတစ်ခုညွန်ပါရစေ။
ဒီနေရာကို သွားလိုက်ပါ။
မိတ်ဆွေတို့ရဲ့English စာအရည်
အချင်းတွေတိုးတက်လာပါလိမ့်မယ်။

Saturday, October 9, 2010

ဖစ်ဘူရီအမှတ်တရ






ဖစ်ဘူရီကိုရောက်တုံးရောက်ခိုက်ကားလမ်းဘေးမှာ
ရှိတဲ့ကျောက်တောင်လှိုင်ဂူထဲကဘုရားသွားဖူးရင်း
ပေါများလှတဲ့မျောက်တွေကိုလက်ကမြင်းရင်းရိုက်
လာခဲ့တာပါ။
မျောက်တွေကဓာတ်ပုံရိုက်မှန်းသိတော့စတိုင်နဲ့တောင်
ထိုင်လိုက်သေးတယ်။
လူကိုတော့သိပ်ရန်မရှာပါဘူး။
ဒါပေမဲ့ပစ္စည်းတွေကိုတော့လုပြေးတတ်တယ်။

Wednesday, October 6, 2010

သံဃာကိုဘယ်လိုကိုယ်းကွယ်မလဲ

သံဃာ ဟူသည် အစုအပေါင်းဖြစ်သည်။ သာသနာ့ဝန်ထမ်းရဟန်းအပေါင်းကို
သံဃာဟုခေါ်သည်။“ သာမဏေရောတိ သံဃော သင်္ချံ”အရ သာမဏေများသည်လည်း
သံဃာပင်ဖြစ်သည်။အပေါင်းအစည်းအသင်းဟူသည်တစ်ဦးကောင်းတစ်ပါးကောင်း
ဖြင့်တည်ဆောက်၍မရသော်လည်း၊ တစ်ဦးမကောင်းတစ်ပါးမကောင်းလျှင်အပေါင်း
မှာဂုဏ်မတက်ဘဲဂုဏ်ပျက်တတ်သည်။သံဃာဟူသောအစုအပေါင်းအဖွဲ့အစည်း
တွင်ဝိနည်းစည်းကမ်းနားမထောင်ဘဲ (နားမလည်ဘဲ)ဈေးထဲတွင်ငွေကိုအလှုခံခြင်း
လက်ဖက်ရည်ဆိုင်ထိုင်ခြင်းစသော မအပ်သောအမုကိုလုပ်နေသောရဟန်းတစ်ပါး
တလေကိုတွေ့မြင်လျှင်လူအပေါင်းက ရဟန်းတွေဟာအလှုခံပက်စက်တယ်အရှက်
မရှိကြဘူးလို့ကဲ့ ရဲ့ တတ်ုကသည်။
ဘုရားရှင်လက်ထက် မလတိုင်း၊ ပါဝါမြို့  တွင်နေထိုင်သောစုန္ဒရွှေပန်း
တိမ်သည်၏နေအိမ်ဆွမ်းကပ်ပွဲမှာ သူဌေးကဆွမ်းဟင်းတွေ
ွကိုမွန်မွန်မြတ်မြတ်စီစဉ်ပြီး
ဟင်းခွက်တွေကိုရွှေခွက်ဖြင့်ထည့်လေသည်။ပြဿနာကအဲဒီမှာစတော့သည်
ဆွမ်းစားအပြီးမှာအလိုလောဘကြီးသောရဟန်းတစ်ပါးကရွှေခွက်
ကိုအိပ်ထဲကောက်ထည့်လိုက်သည်။ထိုအခြင်းအရာကိုစုန္ဒသူဌေးက
မြင်သွားတော့သည်။
သို့ သော်လည်း စေတနာ သဒ္ဓါ တရားပျက်သွားမည်စိုး၍မမြင်ချင်
ယောင်ဆောင်လိုက်သည်။
ညချမ်းအချိန်ရောက်မှမြတ်စွာဘုရားထံမှာသိလိုသောစကားကိုမေးလေသည်။
မြတ်စွာဘုရားသာသနာတော်မှာရဟန်းဘယ်နှစ်မျိုးရှိပါသလဲ ဘုရား...?
ချစ်သားစုန္ဒ သာသနာတော်မှာရဟန်းလေးမျိုးရှိပါတယ်။

၁..၊ရဟန်းသည်ယုံမှားခြင်းကိုပယ်ဖျောက်ပြီးသူဖြစ်ခြင်း ။ရာဂစသောဆူးငြောင့်များကို
သုတ်သင်ရှင်းလင်းပြီးသူဖြစ်ခြင်း။ကိလေသာငြိမ်းအေးပြီးသူဖြစ်ခြင်း
မက်မောတွယ်တာမူမရှိခြင်း။လူနတ် တို့ ကိုနိဗ္ဗာန် သို့ လမ်းညွန်ပြပေးတတ်သော
ရဟန်းမျိုးသည်မဂ်ခရီးကိုညွန်ပြတတ်သောရဟန်းပေတည်း.။

၂..၊အုကင်အရဟန်းသည်မြတ်သောနိဗာန်ကိုကောင်းစွာာသိမြင်၏။
အခြားသူတို့အားလည်းဟောပြောပေးတတ်၏။ အခြားသူတို့အားလည်းဟောကြား
ပေးတတ်၏။ ယုံမှားခြင်းသံသယကိုဖြတ်တောက်ပြီး၍ကိလေသာကင်းစင်၏။
ဤရဟန်းမျိုးသည်နိဗ္ဗာန် ကိုညွန်ပြတတ်သောရဟန်းပေးတည်း

၃ ဒါယကာစုန္ဒ အကျင်ရဟန်းသည်သီလကိုကောင်းစွာစောင့်ထိန်း၏
သတိရှိ၏ အပြစ်မရှိသောတရားများကိုပွားများ၏နိဗ္ဗာန် ၏အေုကာင်း
ဖြစ်သောကောင်းသောမဂ်ခရီးလမ်း၌အသက်ရှင်နေထိုင်သောရဟန်းဖြစ်၏

၎..ဒါယကာစုန္ဒ အုကင်ရဟန်းသည် ကောင်းသောအကျင့်ရှိသော ပုဂ္ဂိလ်တို့ ဝတ်
ရုံသောအ၀တ်ကိုဝတ်ရုံကာရဟန်းပြု၏ ။သို့ သောဒါယာကာ ဒါယိကာမတို့ ၏
ုကည်ညိမူကိုဖျက်ဆီးတတ်၏။ ကိုယ်ုကမ်း နုတ်ုကမ်း စိတ်ုကမ်း တမ်း၏။
ထိန်းသိမ်းစောင့် စည်းမူမရှိ၊ လူအများကိုလည်း လှည့် စားတတ်၏၊
ဖြားယောင်းသွေးဆောင်တတ်၏။အကျိုးမရှိုကမ်းတမ်းသောစကားကို
ပြောဆိုတတ်၏။ ထိုရဟန်းမျိုးကိုကား ”မဂ်ခရီးကိုဖျက်ဆီးတတ်သောရဟန်းဟူ၍
ဆိုအပ်၏။

ဆွမ်းဒါယကာစုန္ဒသည်မြတ်စွာဘုရားရှင်ကရဟန်းလေးမျိုးရှိကြောင်းရှင်းလင်း
ဟောုကားပေးတော်မူသဖြင့်ကောင်းစွာသဘောပေါက်သွားလေသည်။
တရားနာယူသူ စုဒသဘောပေါက်ကြောင်းကောင်းစွာသိတော်မူသဖြင့်
မည်သိုနလုံးသွင်းရမည်။ မည်သို့ ခွဲခြားနားလည်ရမည်တို့ ကိုပါဆက်လက်
္က၍ဟောုကားတော်မူလိုက်လေသည်။

”ဒါယကာစုန္ဒ ပညာဗဟုသုတ နှင့် ပြည့်စုံ ပြီးရဟန်းလေးမျိုးရှိကြောင်းကို
ကွဲပြားစွာခွဲခြားသိမြင်လူပုဂ္ဂိုလ်တို့ သည်ရဟန်းအားလုံးယုတ်မာသောသဘော
မရှိကြောင်း၊စင်ကြယ်သန့် ရှင်းသောရဟန်းကိုမစင်ကြယ်မသန့် ရှင်းသော
ရဟန်းနှင့်တစ်တန်းတစ်စားတည်းမထားသင့်ကြောင်း” မိန့်ုကားတော်မူ၏။
ထိုအခါ ဒါယကာစုနသည် ကျေနပ်နှစ်သက်ခြင်း၊၀မ်းမြောက်ခြင်းဖြစ်ကာ
ရဟန်းသံဃာများကိုအကြည်ညိုမပျက်စိတ်မကွက်ဘဲဆက်လက်ကြည်ညို
လေတော့ သည် ။


သဒ္ဓါ ပညာတို့နှင့်ပြည့်စုံကြသောသူတော်ကောင်းတွေဖြစ်ကြပါစေ........

တန်းပလိတ်ပြင်နည်း









တန်းပလိတ်ပြင်မယ်ဆိုရင် မိမိဘလော့ထဲပြုပြင်သောအခန်းထဲမှာ
ိdezing ဆိုတဲ့စာကိုနှိပ်ပြီးရင် Edit Html ကိုသွားပါ
ပထမဦးဆုံး ကိုလိုချင်တဲ့ template တွေကို လိုက်ရှာလိုက်ပါ . အကောင်းဆုံး template ၀ဘ်ဆိုက်လင့်တွေကိုလဲပေးထားပါတယ် .
ဒီမှာ ဒေါင်းလိုက်ပါ
ဒါကနောက်တစ်ခုပါ http://btemplates.com/


နောက်ထပ် ထပ်ပြီးသိချင်တယ်ဆိုရင် Google.com ကနေ blog templates ဆိုပီးသာရှာလိုက် တန်းစီထွက်လာလိမ့်မယ် ...

ပြောင်းနည်း
ပထမဦးဆုံး အဲ့ဒီ့ဆိုက်တွေကနေ ကိုသဘောကျတဲ့ template ကို Download ချ ဇစ်ဖြေထားလိုက် .. ပြီးရင် ယခုလက်ရှိသုံးနေတဲ့ template ကို နောက်တစ်ခါ ပြန်သုံးချင်တယ်ဆိုရင်တော့ ပုံ(၁)မှာပြထားသလိုမျိုး Download ချထားလိုက် .

ကဲအိုကေပြီဆိုရင် အောက်က အဆင့်အတိုင်းလုပ်ကြရအောင်
(၁) dezign>>ကိုနှိပ်ပါ Edit Html ကိုသွားပါ .. ပုံ(၂) အတိုင်း ..
(၂) ပုံ(3) Browse ကနေ ဖြေထားပြီးသား template ကို ရွေးပြီး upload ကိုနှိပ် .
(၃) ပုံ(4) ကလို သူမေးလာလိမ့်မယ် . comfirm & save ကိုရွေးလိုက်ပါ ..
(၄) ပုံ(5) ကလိုမျိုး အိုကေပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးပါလိမ့်မယ် . ကဲသွားကြည့်လိုက်တော့ တန်းပလိပ်ကို အသစ်လေးပြောင်းနေတာတွေ့လိမ့်မယ် .

ကဲအခုဆိုရင် တန်းပလိပ်ပြောင်းတတ်ပြီလို့ထင်ပါတယ် ..
အဆင်ပြေကြပါစေ။
အသေးစိတ်သိချင်ရင် .ဒီကိုသွားကြည့်လိုက်ပါ ...


Monday, October 4, 2010

USB ကိုအော်တိုစစ်ပေး

မန်မိုရီစတစ်လေးတွေထိုးလိုက်ရင်ဗိုင်းရတ်စစ်
ပေးသောဆော့ဝဲကောင်းလေးပါ။
ကိုယ်တိုင်လဲပျောက်သွားရင်ပြန်ကြည့်လို့ရအောင်
သိမ်းထားတာပါ။လိုချင်ရင်တော့
ဟောဒီကိုသွားလိုက်လေ
အဆင်ပြေကြပါစေ.......။

Wednesday, September 29, 2010

နော်တန် ဗိုင်းရတ်သတ်


ကစပါစကီးဝယ်မသုံးချင်ဘူးဆိုရင်ဒါလေးက
တော်တော်ကောင်းပါတယ်။
ကစပါစကီးကစက်လေးတယ်တော်တော်များ
များဆော့ဝဲတွေကိုလက်မခံတော့။
သုံးရတာအဆင်မပြေဘူးလေ။
အဲဒါကြောင့်ဒါလေးသုံးနေတာ
တစ်ခါမှဗိုင်းရတ်ပြဿနာမကြုံရဘူး။
မိတ်ဆွေများကိုလဲမျှဝေပေးလိုက်ပါတယ်။
လိုချင်ရင်တော့ သွားလိုက်လေဒီကို

အဆင်ပြေကြပါစေ............

မမြင်ရတဲ့စက်ပြင်ဆရာ


ဒီဆောလ်ဝဲလေးကတော်တော်ကောင်းပါတယ်
တစ်ခါတစ်လေကွန်ပျူတာမှာအမှားလေးတွေလုပ်မိရင်
မိမိသူငယ်ချင်းတွေကလဲအဝေးမှာရောက်နေရင်
အကူညီတောင်းရတာလွယ်အောင်လုပ်ပေးထားတာပါ။
အင်တာနက်စပိသာကောင်းမယ်ဆိုရင်
ဆောလ်ဝဲကပေးတဲ့
ကုတ်နံပါတ်နှစ်ခုတဖက်လူကိုပေးလိုက်တာနဲ့
မိမိကွန်ပျူတာဟာသူ့ကွန်ပျူတာထဲကိုရောက်သွားတယ်။
အဝေးကနေပြီးမိမိကွန်ပျူတာကိုသူကအဝေးက
လှမ်းလုပ်နေတာကိုမောက်ကမကိုင်ရဘဲသူဘာသာသူ
သွားနေတာကိုမြင်ရမယ်။အဝေးကမောက်ကိုင်နေတာကို
မိမိကွန်ပျူတာရှေ့ကမောက်ကိုမကိုင်ရပါဘူး။ကိုင်လိုက်ရင်
အဆက်အသွယ်ပြတ်တောက်သွားပါတယ်။
နောက်တစ်ခါဆောလ်ဝဲကိုကလစ်ထောက်ပြီးနောက်ထပ်တစ်
ခြါကုတ်နံပါတ်အသစ်နဲ့ထပ်လုပ်ရပါတယ်။
ဆောလ်ဝဲအိုင်ကွန်ကိုဖွင့်လိုက်လို့ရလာတဲ့ကုဒ်နံပါတ်ကို
ကော်ပီလုပ်ပြီးတဖက်လူကိုဂျီတော့ကနေလှမ်းပို့ပေးရပါတယ်။
တဖက်လူကအဲဒီနံပါတ်ကိုရိုက်ထည့်လိုက်ရင်
ချိတ်ဆက်မိပါပြီ။
ကိုယ်ကသူများကိုပြန်ပြင်ပေးရင်လဲအဲဒီအတိုင်းပါပဲ့...
ဆောလ်ဝဲကိုအင်စတောလုပ်ခိုင်းပြီး ကုဒ်နံပါတ်လှမ်းတောင်း
ပြီးသူ့စက်ကိုကိုယ့်ကွန်ပျူတာထဲကနေပြီးပြင်ပေးလိုက်ရုံပဲ့။

မှတ်ချက် မသိရင်ကွန်ပျူတာသရဲခြောက်နေသလားလိုတောင်
ထင်မှတ်ရတယ်
မောက်ကိုမကိုင်ရဘဲသွားနေတာတွေ့နေရလို့လေ
မိမိကွန်ပျူတာထဲကသူမသိစေချင်တဲ့ဖိုင်တွေကိုတော့ဖျက်ထား
ဖို့လိုတယ်.....ဒေါင်းချင်ရင်တော့ သွားလိုက်လေဒီကို

အဆင်ပြေကြပါစေ............................။

မဟာမကုဋတက္ကသိုလ်





ိ
မဟာမကုဋတက္ကသိုလ် ရဲ့ သိကောင်းစရာတွေ
လေ့လာမယ်ဆိုရင်http://www.mbu.ac.th/
တွင်ကြည့်နိုင်ပါတယ်အကြောင်းအသိပေးအပ်ပါတယ်။

Monday, August 30, 2010

ထိုင်းလက်ရာကျောက်ဆင်းတု


ထိုင်းလက်ရာကျောက်ဆင်းတုဘုရားပုံတော်တွေမှာ
မြန်မှာပြည်မှာလိုမျက်ခုံးမွေးဆွဲတာ နှုတ်ခမ်းနီဆိုးပေးထားတာတွေမတွေရဘဲ
ကျောက်သားသက်ကိုကြည်ညိုဘွယ်ဖြစ်အောင်
ထုလုပ်ပူဇော်ုကတာကိုတွေ့ရပါတယ်။

Sunday, August 29, 2010

ဆောက်လက်စမဟာမကုဋတက္ကသိုလ်



နခုံပထုံမြို့နယ်မှာအသစ်တည်ဆောက်နေသောမဟာ
မကုဋတက္ကသိုလ်ရဲ့အဆောက်အဦပုံဖြစ်ပါတယ်။
စည်းပွါးရေးတွေအဆင်ပြေတော့တက္ကသိုလ်တွေ
တည်ဆောက်နိုင်တာအဆန်းမဟုတ်ပါဘူး။
သာသနာအတွက်အကျိုးများမဲ့တက္ကသိုလ်တွေဖြစ်ဖို့သာ
အဓိကပါ။အဆောက်အဦတွေဘယ်လောက်များများ
ဘာသာတရားစာပေတွေမသင်ကြရင်တော့
ဘာမှမထူးပါဘူးလို့ပြောလိုက်ချင်တယ်။

မဟာမကုဋတက္ကသိုလ်အစည်းအဝေး

မဟာမကုဋတက္ကသိုလ်ပါမောက္ခဆရာတော်မှကျောင်းသား
ရဟန်းတော်များအား
ဆုံးမစကားပြောကြားနေပုံဖြစ်ပါတယ်။
မနက်၆နာရီလောက်ကျောင်းက
အိပ်ချုင်မူးတူးနဲ့ထွက်လာရလို့ အစည်းအဝေးမှာငိုက်နေမိတယ်။
နေ့လည်ဆွမ်းကိုဆိုင်ကမှာထားတဲ့ဟင်းကောင်းကောင်း
တွေနဲ့ကပ်ပါတယ်။
စားပြီးလို့ပြန်ရမယ်ထင်တာ နေ့ခင်းမှာလည်းဟောပြောပွဲရှိသေးတာနဲ့
နားထောင်နေရသေးတယ်။ထိုင်းလိုပြောတာဆိုတော့နားမလည်တာတွေက
များနေပါတယ်။
ခန်းမထဲမှာအင်တာနက်မိတာနဲ့
ရိုက်ထားတဲ့ဓာတ်ပုံလေးတွေတင်ထားလိုက်တယ်။

Saturday, August 14, 2010

စက်ပိုင်းပြုပြင်ပေးသောဆော့ဝဲကောင်း

စက်ပိုင်းဆိုင်ရာတွေပြုပြင်ပေးသောဆော့ဝဲကောင်းလေး
မောင်စေတနာဆိုက်ကယူထားတာ
ကောင်းလွန်းလို့သိမ်းထားတဲ့အနေနဲ့တင်ထားလိုက်တာပါ။
မသိသေးတဲ့ သူတွေကိုလဲပြောပြလို့ရအောင်ပါ.
သုံးမယ်ဆိုရင်တော့ ဒီမှာ သွားပြီးဒေါင်းလိုက်ပါ။
မောင်စေတနာဝက်ဆိုက်မှာလဲသွားကြည့်လို့ရတယ်။

Monday, June 28, 2010

မောင်းမကန်အလှ

နှစ်ပေါင်းများစွာသဘာဝအလျောက်လှပနေသောကန်းခြေ
တစ်ခုပါ။တခြားနာမည်ကြီးကန်းခြေတွေလိုပကာသနတွေ
မရှိပေမဲ့ သဘာဝအလှတွေနဲ့ တည်ရှိနေတာပါ။

သဘာဝကိုဖျက်ရင်သဘာဝတရားကလဲ
ပြန်ဖျက်တတ်တယ်ဆိုတာကို
ထိုင်းနိုင်ငံဖူးခက်ကန်းခြေကိုဆူနာမီကသတိပေးထားပြီးပြီ။

သဘာဝကိုလူကဖျက်သလို လူကိုလဲသဘာဝက
ဖျက်နေပြန်တယ်။

လူသားတိုင်းကိုယ်ကျင့်တရားကောင်းကြရင်
သဘာဝတွေကလဲလှနေမှာပါ.......။



Sunday, June 27, 2010

ဘန်ကောက်မှာလောင်းတဲ့ဆွမ်းခြောက်

ဘယ်ကိုမှကြွစရာမရှိတာနဲ့ထိုင်းဆွမ်းဆန်စိမ်းလောင်းပွဲကို
ဗဟုသုတအလို့ ငှါလိုက်သွားဖြစ်ပါတယ်။
မနက်၎ နာရီခွဲကနေပြီးကားနှစ်စီးနဲ့သံဃာအပါးတရာကြွ
သွားလိုက်တာမနက်၇ နာရီလောက်ရောက်ပါတယ်။
ရောက်တာနဲ့  တော်တော်ကောင်းတဲ့ ရပ်ကွက်
ဘောလုံးကွင်းထဲမှာခင်းထားတဲ့ထိုင်ခုံ
တွေအပေါ်မှာထိုင်နေရပါတယ်။သံဃာအပါးတစ်ထောင်
လောက်ဖြစ်မယ်ထင်တယ်။တော်တော်များပါတယ်။
အာရုံဆွမ်းကပ်တာကတော့ဘူးလေး
တွေနဲ့ကပ်တာပါ။ကိုယ့်နေရာမှာကိုယ်ထိုင်စားရပါတယ်။
သံဃာအများကြီးကိုဒီနည်းနဲ့ဆွမ်းကပ်တာက
တော့ မှတ်သားစရာကောင်းပါတယ်။အလုပ်ရှုပ်သက်သာလို့ ပါ။
ဆွမ်းစားပြီးထိုင်းလိုနဲ့ဘုန်းကြီးကတရားဟောပါတယ်။
၈နာရီခွဲလောက်ရောက်တော့ နဖူးကခြွေးတွေခြေမကိုကျနေပြီ။
အမိုးမရှိတဲ့ဘောလုံးကွင်းနပူပူထဲမှာတစ်ခါမှမ
ထိုင်းဖူးလားတော့မသိဘူး
ဒီတစ်ခါနောက်ဆုံးလို့တောင်စိတ်ထဲကဖြစ်မိပါတယ်။
သူဌေးဆိုတဲ့ လူတွေက အမိုအောက်မှာအခန့်သားထိုင်နေ
တာကိုကည့် ပြီး ဒီ နိုင်ငံကလူတွေ
ဘုန်ုးကီးကိုတော်တော်နိုင်ပါလားလို့တွေးမိပါတယ်။
သူတို့ ထားတဲ့ နေရာမှာနေရလို့ပါ။
တကယ်ဆိုတန်းတူထားမယ်ဆိုရင်တောင်ကျေနပ်လို့ရပါသေးတယ်။
အခုတော့  ထီးရိုးကထီးထက်မြင့် တဲ့ ကိန်းဆိုက်နေလို့ 
ရင်ထဲကဖြစ်တာလေးတွေကိုမှတ်တမ်းတင်ထားလိုက်တော့မယ်..။

Sunday, June 20, 2010

ရုပ်အတု


ရာဇ၀င်မှတ်တမ်းထဲကသူရဲကောင်းတွေရဲ့ လက်တွေဟာ
သွေးစွန်းခဲ့ကြတာများတယ်။

နောက်လူတွေအမှတ်တရဖြစ်နေအောင်ရုပ်တုတွေထုပြီး
သမိုင်းေုကာင်းကိုအမှတ်ရနေအောင်လုပ်တာကောင်းပေမဲ့..။
သူတို့ ရဲ့ ဒေါသတွေကိုအားပေးရာရောက်မှန်းမသိရောက်နေတယ်..။

ငါတို့ ..တစ်တွေ အလေးပြု ရှိခိုးထိုက်တဲ့ရုပ်တုတွေရဲ့ 
သမိုင်းေုကာင်းတွေမှာတော့
စွန့်လွှတ်ခြင်းတွေပြည့်နေဖို့လိုတယ်..။
လောဘ ဒေါသ မောဟ တွေမရှိ ပကတိ
ငြိမ်းအေးနေဖို့လိုတယ်...။

အဲဒါတွေမရှိယင်.....
ရွှေရုပ်တုပင်ဖြစ်ပစေဦးတော့
တစ်ချက်ကြည့် ရုံကလွဲလို့.....
နောက်ထပ်ဘာမှမရှိ...။

Thursday, June 17, 2010

ပင်လယ်ကျောက်


ပင်လယ်ထဲမှာတည်ရှိနေတဲ့ကျောက်တောင်ကျောက်ခဲတွေဟာ လှိုင်းတွေရဲ့ ဒဏ်ကို
သည်းခံနိင်ုကသလို......။လောကထဲမှာနေထိုင်ကြတဲ့လူတွေဟာလောဘ ဒေါသ
မောဟ လှိုင်းဒဏ်းတွေကိုခံနိုင်အောင် သီလ သမာဓိ ပညာ နဲ့  ဘ၀ကို
မြတ်စွာဘုရားရဲ့ တရားတော်နဲ့ အညီတည်ဆောက်ထာုးကရမယ်...။

ထားဝယ်ရိုးရာ ရေအိုးအက

နိုင်ငံတိုင်းး လူမျိုးတိုင်းမှာမိမိရဲ့ ကိုယ်ပိုင်အနုပညာအကတွေရှိတတ်ကြစမြဲပါ...။
မြန်မာနိုင်ငံရဲ့ တောင်ဘက် တိုင်းတစ်တိုင်းဖြစ်တဲ့ တနသ်ာရီတိုင်းမှာထားဝယ်
လူမျိုးတွေနေထိုင်ကြပါတယ် ...။လူမျိုးဆိုတဲ့နေရာမှာ ဗမာ လို့ ရေးရမယ်လို့ 
ဘယ်သူစထွင်ခဲ့ သလဲမသိပေမဲ့ ရင်ထဲမှာတော့ ထားဝယ်လူမျိုလို့ခံစားရတယ်..။
ထားဝယ်ရိုးရာအကဟာ သာမန်ကတာမျိုမဟုတ်ဘဲခေါင်းပေါ်မှာရေအိုရွက်ပြီး
ဟန်ချက်ညီညီကရတာဖြစ်တာကြောင့်တော်တော်ခက်ပါတယ်..။
တချို့ ဆိုရေအိုး၎ ငါးလုံးလောက်ရွက်ပြီးကတာတွေရှိတယ်..။တော်တော်ကို
လေ့ ကျင့်ထားရတာဖြစ်တယ်...။အဲဒါတွေက်မတိမ်းကောအောာင်နောင်လာ
နောင်သားထားဝယ်တွေက် ထိမ်းသိမ်းရမှာဖြစ်တယ်..။

်င်္င်္်င်္

Wednesday, June 16, 2010

G talk နှစ်ခုပွါးနည်း

သိတဲ့ သူတွေလွယ်ပေမဲ့မသိသေးတဲ့ သူတွေအတွက်တော့
ခက်နေတတ်တာဟာသဘာဝပါ...။
အဲဒီအထဲမှာအခုနည်းလေးလဲပါတယ် ...။
မေ့သွားရင်ပြန်ကြည့်လို့ရအောင်မှတ်တမ်းတင်ထားလိုက်မယ်..။

နည်းလမ်းကဒီလိုပါ
ဂျီတော့ကိုနှစ်ခုပွါးချင်ရင်ဂျီတော့ကိုအသုံးမပြုသေးဘဲဒက်စတော့
အပေါ်မှာပေါ်နေတဲ့ G.talk အိုင်ကွန်လေးကိုညာကလစ်ထောက်လိုက်ပါ...။
အောက်ဆုံးစာတန်းကိုဘယ်ကလစ်ထပ်နှိပ်ပါ...ပေါ်လာတဲ့အကွက်ထဲမှာ
ြshortcut ဘားကိုရွေးပြီးရင် အောက်နားက target အကွက်ထဲမှာ
"C:\Program Files\Google\Google Talk\googletalk.exe" /
အဲဒီလိုပေါ်အောင်းဘေးကစာတန်းကိုဖျက်လိုက်ပါ
nomutex စာတန်းလေးရိုက်ထည့် လိုက်ပါ..။
"C:\Program Files\Google\Google Talk\googletalk.exe" /nomutex
အဲဒီလိုဖြစ်သွားရင် အောင်မြင်ပါပြီ ဘေးနားက apply ကိုနှိပ် ပြီး ok ကိုနှိပ်လိုက်..။
ဂျီတော့ကိုပွါးချင်သလောက်ပွါးလို့ရပါပြီ........။
အဆင်ပြေပါစေ...။

ဝင်းဒိုးကိုဖြည့်ပေးသောဆောလ်ဝဲ

တခါတလေ၀င်ဒိုးချပြီး ၀င်းဒိုးပြန်တင်ရင်
တချို့ သော အစီအစဉ်တွေကျန်ခဲ့တတ်ကြတယ်..။

ဝင်းဒိုးမပြည့်စုံပဲသုံးရင်ဝင်းဒိုးဆွေခဏခဏတောင်း
နေတာနဲ့ ပဲ့ စက်ကိုသုံးရတာအဆင်မပြေဘူးလေ..။

အဲဒီလိုမဖြစ်အောင်သူငယ်ချင်းတစ်ယောက်ပေးထားတဲ့
ဒီဆောလ်ဝဲလေးကကောင်းတယ်လိုအသိပေးလိုက်ပါရစေ...
ဒေါင်းချင်ရင်... ဒီမှာ....သွား
ပြီးဒေါင်းလိုက်ပါ လင့် ချိတ်ထားတယ်.......။
အဆင်ပြေကြပါစေ......

ဗိုင်းရတ်စစ်သောဆောလ်ဝဲ

ဗိုင်းရတ်ကိုက်ရင်ဗိုင်းရတ်ကိုသေသေခြာခြာစစ်
ဖို့ ဆောလ်ဝဲကောင်းလေးတွေသိဖို့လိုအပ်တယ်..။

ကိုယ်တိုင်လဲသိမ်းထားတဲ့ အနေနဲ့ 
ဒီနေရာလေးမှာရေးထားခဲ့ မယ်..။

မျက်စိလည်ကာလာဖတ်ရင်လဲ ဖတ်တဲ့ လူတွေ
အကျိုးရှိစေရမယ်....
ဒေါင်းချင်ရင် ဒီမှာ
ရှာပြီးဒေါင်းလိုက်ပါ လင့် ချိတ်ပေးထားတယ် ......
အဆင်ပြေကြပါစေ....။

ချင်းမိုင်ကမြန်မာကျောင်း


ကျောင်းထဲကိုဝင်လိုက်တယ်ဆိုယင်ပဲ့ မြန်မာ
ပြည်ကိုရောက်နေသလားထင်မှတ်ရလောက်
အောင်မြန်မာဆန်လွန်းတာကတော့ ချင်းမိုင်က ၀ပ်ဆိုင်မွန် မြန်မာကျောင်း ဖြစ်ပါတယ်..။
ကျောင်းထိုင်ဘုန်းကြီးကအသက်ကြီးပြီဆိုတော့ ...
တချိန်ကြရင်ထိုင်းကျောင်းဖြစ်သွားတော့မဲ့အရေးမဆီမဆိုင်တွေးပူမိသား..။
ထိုင်းမှာက ဒုတိယအဆက်
အနေနဲ့ မြန်မာဘုန်းကြီးပိုင်ခွင့်မရှိအောင်ဥပဒေ
တွေနဲ့တားဆီးထားတော့ မြန်မာကျောင်းတွေဟာ ထိုင်းတွေရဲ့ လက်အောက်ကို
ရောက်သွားကြတယ်..။ လန်းပန်း မြို့ မှာဆိုယင် မြန်မာကျောင်း တစ်ကျောင်းသာ
ကျန်ပြီး ကျန်သော ၈ ကျောင်းကထိုင်းတွေသိမ်းထားလိုက်ပြီလေ..။
နိုင်ငံခြားသားတွေကိုပြတိုက်အဖြစ်ပြစားရင်းပိုက်ဆံရှာနေကြတယ်..။
မရောက်ဖူးလို့ သွားကြည့်တာ မြန်မာမှု မြန်မာ့ဟန်တွေကိုကြည့်ရင်အံ့သြ
မြန်မာတွေမပိုင်တော့ပါလားလို့တွေးရင်းရင်မောပြီးပြန်ခဲ့ရတယ်..။

စာသင်ချိန်


ထိုင်းနိင်ငံ ဘန်ကောက်မြို့ ဟာမကုဋ တက္ကသိုလ် စာသင်ခန်းမှာစာသင်နေသောမြန်မာရဟန်းတော်များဖြစ်ပါတယ်....။
ဘန်ကောက်ကိုရောက်လာတာရည်ရွယ်ချက်အမျိုးမျိုးရှိကြပေမဲ့
သာသနာကိုချစ်မြတ်နိုးတဲ့
ရည်ရွယ်ချက်လေးများတော့တူညီကြပါတယ်..။
တိုင်းတစ်ပါးမှာသည်ခံခြင်းတရားများစွာနဲ့ရပ်တည်နေကြ
ရတဲ့ရဟန်းတော်များဟာမြန်မာပြည်ကအလုပ်လာလုပ်သောတကာ တကာမ
များစွာရဲ့ စေတနာ တွေကိုအချည်းအနှီးမဖြစ်စေဘဲစွမ်းနိုင်ရာရာမှာတာဝန်ထမ်းဆောင်
ရင်းသာသနာပြုနေကြတာဖြစ်ပါတယ်..........။

ဗိုင်းရတ်သတ်သောဆောဝဲကောင်းလေးပါ

မနက်မိုးလင်းလို့စက်ကိုဖွင့်လိုက်ရင်စက်ဟာလုပ်နေကျအ
လုပ်ကိုမလုပ်တော့ဘူးဆိုတာသိလိုက်ရတာ
လောက်စိတ်ညစ်ဝရာကောင်းတာမရှိတော့ဘူးထင်တယ်။
ဗိုင်းရတ်များကူးလေမလားဆိုတဲ့အသိစိတ်
နဲဗိုင်းရတ်သတ်နိုင်တဲ့ဆောဝဲတွေနဲ့စစ်ဆေးရတာလဲအမော။
အဆင်ပြေရင်တော့ကောင်းပေမဲ့ တခါတလေ
အနာနဲ့ဆေးလွဲနေတတ်သလို ဗိုင်းရတ်သတ်တဲ့ဆောဝဲနဲ့လွဲနေ
တဲ့အခါတွေလဲကြုံရတတ်လေတော့
အဲဒီလိုမဖြစ်ရလေအောင်ကိုယ်တွေ့လေးမှတ်တမ်းတင်ထားလိုက်တယ်..
ဗိုင်းရတ်နာမည်က....win32sality.AA
ဖြစ်ပုံတွေက.......ဓာတ်ပုံဖိုင်ကိုနှိပ်လိုက်ရင်စက်ကဘာမှလုပ်လို့မရတော့ခြင်း
ကော်ပီကူးရင်လဲထိုအတူ
ရိုက်ကလစ်နိပ်ရင်ပေါ်လာတဲ့send to ကိုမျှားထောက်မိရင်စက်ကရပ်သွားခြင်း
ပါဝါပိတ်မှသာစက်ကအလုပ်လုပ်ခြင်း တိုဖြစ်ပေတယ်..။

သူငယ်ချင်းတစ်ယောက်ကိုအကူညီတောင်းတော့ ဆော့ဝဲတစ်ခုလက်
ဆောင်ပေးလိုက်တယ်.....
အဲဒီဆော့ဝဲက ဗိုင်းရတ်တော်တော်များများကိုသတ်နိုင်တာတွေ့ရတယ်...
လိုချင်ရင်တော့........ဒီမှာ ဒေါင်းလိုက်ပါ
...အဆင်ပြေပါစေ။

Tuesday, June 15, 2010

http://www.mediafire.com/?jmzfgqewbtz
ကိလေသာတွေကိုသတ်ပါ

Tuesday, June 1, 2010

ခေါင်းငါးလုံးနဲ့မွေ အာရုံငါးပါးနဲ့လူ


အာရုံငါးပါးကာမဂုဏ်တရားတွေဟာ..
ရဟန်းတွေအတွက်တော့ခေါင်းငါးလုံးနဲ့မွေနဲ့တူတယ်
ဘယ်ခေါင်းနဲ့ပဲ့ကိုက်ကိုက်အဆိပ်သင့်မှာသေချာတယ်လေ..။
မတွေ့ခင်ရှောင်နိုင်ရင်တော့လွတ်မှာသေချာတယ်..
တွေ့ခဲ့ရင်လဲရှောင်ဖို့ကြိုးစားရမယ်လေ..။



Sunday, March 28, 2010

စိတ်
စိတ်သာရှင်စော ဘုရားဟော

ုစိတ်ထောင်းတော့ ကိုယ်ကျေ
စိတ်ပျိုတော့ ကိုယ်နု
စိတ်သွားတိုင်း ကိုယ်မပါ

စိတ္တေန နီယတေ လောကော
စိတ္တေန ပရိကဿတိ။

စိတ်ဟာလောကကြီးတစ်ခုလုံးကိုဆောင်တယ်
လောကကိုစိတ်သည်ဆွဲငင်နေတယ်

Friday, March 26, 2010

တရားဓမ္မ

တရားဆိုတာလောကကိုစောင့်ရှောက်တယ်
လောကတလဲတရားကိုစောင့်ရှောက်တယ်

Tuesday, March 23, 2010

ရှာဖွေခြင်း

လောဘကိုအခြေခံကာရှာဖွေခြင်း

ဒေါသကိုအခြေခံကာရှာဖွေခြင်း
မောဟကိုအခြေခံကာရှာဖွေခြင်း

အကုသိုလ်ကိုအခြေခံကာရှာဖွေခြင်းတို့ဟာနောက်ဘ၀အတွက်
မကောင်းပါ။။

စေတနာကိုအခြေခံကာရှာဖွေခြင်း
သဒ္ဓါတရားကိုအခြေခံကာရှာဖွေခြင်း
လောဘပယ်သတ်ကြောင်းနည်းလမ်းကိုရှာဖွေခြင်း
ဒေါသပယ်သတ်ကြောင်းနည်းလမ်းကိုရှာဖွေခြင်း
မောဟပယ်သတ်ကြောင်းနည်းလမ်းကိုရှာဖွေခြင်း

ကုသိုလ်တရားကိုအခြေခံကာရှာဖွေခြင်းတို့သည်သာလျင်အခုရော
နောင်ပါအေးချမ်းသာမည်ဖြစ်သည်။

Saturday, March 13, 2010

ရဟန်း

ငှက်တွေပျံသန်းတဲ့အခါ
အတောင်ပံနှစ်ဖက်သာပါသလိုမျိုး
ဘယ်နေရာကိုသွားသွား
ပရိက္ခရာ(၈)ပါးကိုသာယူ၍
လိုရာခရီးကိုသွားလေသူ......။

အိမ်စဉ်တိုင်းရပ်၍
တပ်မက်မှုကင်းစွာ
ကုသိုလ်ရစေချင်သောဆန္ဒဖြင့်
စဉ်ကြယ်စွာအသက်မွေးသူ....။

ဘုရားဟောတရားတွေကို
သိစေလိုသောစေတနာဖြင့်
လူအပေါင်းကိုရှင်းလင်းပြသသူ....။

အမှောင်ထဲရောက်နေသောသူများကို
လက်ကိုကိုင်ဆွဲဒါအလင်းရောင်ပဲ့ဟု
အယူမှန်ကိုပြသသူ.......။

Friday, March 12, 2010

ဘ၀စာမျက်နှာ

အရှေ့ဘက်ကိုကြည့်လိုက်

နေထွက်တာမြင်နေရတယ်..။
အနောက်ဘက်ကိုကြည့်လိုက်တော့လည်း
နေ၀င်တာကိုမြင်နေရတယ်..။
တောင်တန်းတွေကာရံထားသလို
ပင်လဲတွေလဲကာရံထားတယ်..။
အင်္ဂလိပ်ခေတ်ကဖေါက်လုပ်ခဲ့သောကားလမ်းက
ရွာကိုရောက်တော့ကွေ့ကောက်သွားတယ်.....။

မြိတ် ထားဝယ်ကားလမ်းပေါ်မှာတည်ရှိနေတဲ့
ငါတို့ရွာလေးဟာအိမ်ခြေပေါင်း၆၀၀လောက်ရှိမယ်ထင်တယ်..။
ဘုန်းကြီးကျောင်းကနှစ်ကျောင်း
တစ်ကျောင်းသာဘုန်းကြီးတွေနေတယ်...
အုပ်စုတွေမကွဲစေလိုသောကြောင့်နဲ့တူတယ်...။

ရန်ကုန်မှပြန်လာသောဉ္ဖင်းတွေကိုအားကျပြီး
ရန်ကုန်မှာစာသွားသင်ပါတယ်
နာမည်ကြီးကျောင်းတွေမှာနေပြီး
ပညာရှာပေမဲ့...
ပညာကကိုယ့်ကိုလိုက်ရှာနေရတယ်...။
ကိုယ်တိုင်ရေးကျောက်စာ

အမေကပြောဘူးတယ် သားဟာလူလောကကိုအသံတိတ်ရောက်လာတာတဲ့.

လောကရဲ့ ရင်ကွဲသံတွေကိုနားထောင်နေမိလို့နဲ့တူတယ်တဲ့
ဟုတ်မှာပါ...... မွေးပြီးနှစ်နာရီလောက်အထိအသံမထွက်ဘဲမေ့နေသောလေးတစ်ယောက်ကို
မှတ်ချက်ပေးတာမဆန်းပါဘူးလေ ။
သားလောကြီးကိုစရောက်တဲ့နေ့မှာပိတောက်အနံ့တွေရနေတယ်အမေ..။
ပြက္ခဒိန်မှာကပ်နေတဲ့အိမ်မြှောင်တစ်ကောင်ကပါးစပ်ထဲသက္ကရာဇ်တွေအော်နေတယ်အမေ။
ဒါ..သားဘ၀ရဲ့ မွေးနေ့မွေးရက်တွေဆိုတာထင်တယ်.။

သား...ကိုရင်ဝတ်ချင်တယ်မေ
ဝတ်ချင်ဝတ်ပေါ့
မပျော်တဲ့တစ်နေ့အိမ်ကိုပြန်လာရမယ်နော်
မှတ်ပုံတင်မပါဘဲ ကိုရင်ဘ၀ကိုဖြတ်သန်းခဲ့တယ်။

သားဥဇင်းဝတ်တော့မယ်အမေ
ဝတ်ချင်ဝတ်ပေါ့
အိမ်ထောင်စုစာရင်းထဲကထုတ်မှာလားအမေ..။

ဘာဖြစ်လို့ထုတ်ရမှာလဲ
သား..ကအမေတို့သားပဲ့ဟာ
ကျောင်းကမိဘရင်ခွင်လောက်မမြဲဘူးသား...။

အမေ့စကားတွေနားမှာကြားရင်
ဥဇင်းဘ၀ကိုစာချုပ်မပါဘဲလျှောက်လှမ်းဆဲ....။

အမေ့မျက်လုံးနားကရေခဲ့တောင်တွေ
ဘယ်လိုအကြေင်းကြောင့်မှအရည်မပျော်စေရပါဘူး......