Showing posts with label အပိုင်းအစ. Show all posts
Showing posts with label အပိုင်းအစ. Show all posts

Friday, March 12, 2010

ဘ၀စာမျက်နှာ

အရှေ့ဘက်ကိုကြည့်လိုက်

နေထွက်တာမြင်နေရတယ်..။
အနောက်ဘက်ကိုကြည့်လိုက်တော့လည်း
နေ၀င်တာကိုမြင်နေရတယ်..။
တောင်တန်းတွေကာရံထားသလို
ပင်လဲတွေလဲကာရံထားတယ်..။
အင်္ဂလိပ်ခေတ်ကဖေါက်လုပ်ခဲ့သောကားလမ်းက
ရွာကိုရောက်တော့ကွေ့ကောက်သွားတယ်.....။

မြိတ် ထားဝယ်ကားလမ်းပေါ်မှာတည်ရှိနေတဲ့
ငါတို့ရွာလေးဟာအိမ်ခြေပေါင်း၆၀၀လောက်ရှိမယ်ထင်တယ်..။
ဘုန်းကြီးကျောင်းကနှစ်ကျောင်း
တစ်ကျောင်းသာဘုန်းကြီးတွေနေတယ်...
အုပ်စုတွေမကွဲစေလိုသောကြောင့်နဲ့တူတယ်...။

ရန်ကုန်မှပြန်လာသောဉ္ဖင်းတွေကိုအားကျပြီး
ရန်ကုန်မှာစာသွားသင်ပါတယ်
နာမည်ကြီးကျောင်းတွေမှာနေပြီး
ပညာရှာပေမဲ့...
ပညာကကိုယ့်ကိုလိုက်ရှာနေရတယ်...။