Saturday, December 15, 2012

ဘုရားရှင်၏အပါးမှ မခွာသော ၀က္ကလိရဟန်း

ဘုရားရှင်၏အပါးမှ မခွာသော ၀က္ကလိရဟန်း။
••••••••••••••••••••••••••••••
သာဝတ္ထိပြည်မှ ၀က္ကလိမည်သော ပုဏ္ဏားသည် ဆွမ်းခံကြွလာတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရပြီ
အလွန်နှစ်သက် ကြည်ညိုလှသောကြောင့် အမြဲမပြတ် ဖူးမြင်လိုသဖြင့် ရဟန်းပြုလေသည်။ ရဟန်းဘ၀ ရောက်သည်တွင် ဘုရားရှင် အနီးအပါးသို့သာ သွားရောက်ဖူးမြော်နေပြီး ပရိယတ္တိ ပဋိပတ္တိတို့ကို အားထုတ်ခြင်း မရှိပေ။

မြတ်စွာဘုရားက . .
"ချစ်သားဝက္ကလိ - စက္ခုပသာဒဖြင့် ကြည့်မြင်တင့်တယ်သော ငါဘုရား၏ အပုပ်ကောင် ကိုယ်ထည်ကို ကြည့်နေ၍ အကျိုးမများ။ ငါဟောကြားသော တရားကို ထင်မြင်အောင် ပညာစက္ခုဖြင့် ရှု၍ အားထုတ်ခြင်းသာ ငါဘုရားကို ကြည်ညိုရာရောက်သည်"ဟု ဆုံးမတော်မူ၏။

သို့သော် ၀က္ကလိရဟန်းက မနာယူဘဲ လာမြဲသာလာ၍ ဖူးမြော်နေ၏။ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်သို့ ကြွရောက်၍ ၀ါကပ်တော်မူသည့်နေ့၌ "၀က္ကလိ - သင်ကြိုက်ရာ အရပ်တပါးသို့ သွားလေတော့"ဟု နှင်ထုတ်လိုက်၏။
ဝက္ကလိရဟန်းသည် ငါ့အား မြတ်စွာဘုရားက ဖူးမြော် ချဉ်းကပ်စေခြင်း မပြုလျှင်၊ သေခြင်းက မြတ်သေးသည်-ဟု တွေးတောကာ ဂိဇ္ဈကုဋ်တောင်ထိပ်မှ ခုန်ချသေတော့မည်ဟု ရည်ရွယ်၍ တောင်ထိပ်သို့ သွားလေသည်။

မြတ်ဗုဒ္ဓသည်၊ ၀က္ကလိ၏အဖြစ်ကို ရွှေဉာဏ်တော်ဖြင့် ဆင်ခြင်သိတော်မူသည်။ ထို့ကြောင့်
"၀က္ကလိ - မကြောက်လင့်၊ လာလော့၊ ငါသည် ညွှန်ပြောင်း၌ နစ်သော ဆင်ပြောင်ကို ကယ်တင်သကဲ့သို့ သင့်ကို ကိလေသာ ညွှန်ပြောင်းမှ ဆယ်ယူကယ်တင်အံ့" ဟု ရောင်ခြည်တော်လွှတ်၍ အားပေးတရား ဟောတော်မူသည်။ ထိုအခါ ၀က္ကလိသည် အားတက်၍ ကြီးစွာသော ပီတိဖြစ်ကာ၊ ဟောကြားတော်မူသော တရားတော်ကို ဆင်ခြင်ရင်း၊ ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေသည်။ ထို့နောက် ရှိခိုးလျက် မြတ်စွာဘုရားထံသို့ အရောက် သွားခဲ့ရာ မြတ်စွာဘုရားက အောက်ပါဂါထာကို ဟောတော်မူလေသတည်း။

"၀မ်းမြောက်ခြင်း များစွာရှိ၍၊
မြတ်စွာဘုရား အဆုံးအမတော်၌ ယုံကြည်မြတ်နိုးသော ရဟန်းသည်၊ သင်္ခါရတို့၏ ချုပ်ငြိမ်းရာ၊ ငြိမ်သက်ချမ်းမြေ့သော နိဗ္ဗာန်ကို ရလေရာ၏"

( ဓမ္မပဒ - ဘိက္ခုဝဂ်

No comments:

Post a Comment