Friday, January 20, 2012

ထိုင်းအတွေ့အကြုံများ အပိုင်း(၁)

ထိုင်းအတွေ့အကြုံများ(ပတ်စပို့သက်တမ်းတိုးခြင်း)

ပတ်စပို့အသစ်


ထိုင်းနိုင်ငံမှာတစ်နှစ်နေထိုင်ခွင့်ရထားသူများဟာ တကယ်လို့ စာအုပ်သက်တမ်းကုန်သွား
မယ်ဆိုရင်၊မြန်မာသံရုံးမှာစာအုပ်အသစ်ရဘို့လျှောက်ရပါတယ်။

မြန်မာသံရုံးမှာလိုအပ်တဲ့စာရွက်စာတန်းများကတော့
၁..ကိုယ်နေထိုင်ရာကျောင်း(တက္ကသိုလ်)ထောက်ခံစာ
၂..မြန်မာသာသနာဝင်မှတ်ပုံတင် မိတ္တူ
၃..စာအုပ်တစ်အုပ်လုံး မိတ္တူ..........


အဲဒါတွေအစုံနဲ့တင်ခဲ့ရပါတယ် ။တပတ်ကြာမှသွားယူရပါတယ်။သွားယူတဲ့အခါမှာ
ဘတ် ၄၀၀၀ ပေးရပါတယ်။ စာအုပ်အသစ်နဲ့အတူ ထောက်ခံစာတစ်ရွက်ပေးလိုက်ပါတယ်။
ပေးလိုက်တဲ့စာအုပ်နဲ့ ထောက်ခံစာတို့ကိုယူပြီး ထိုင်း လ၀က(တောမော)သို့သွားရပါတယ်။
အဲဒီကိုရောက်လို့ရှိရင် ကောင်တာမှာစာအုပ်ချိန်းတဲ့ဖေါင်တောင်းရပါတယ်။
ဖေါင်ဖြည့်ပြီးရင် ဖေါင်နောက်ကျောဘက်မှာ ရေးထားတဲ့အချက်တွေကိုဖတ်ပြီး မိတ္တူဆွဲ
ရပါတယ်။
ကောင်းဆုံးနည်းလမ်းကတော့စာအုပ်အဟောင်းတံဆိပ်တုံးထုထားတာတွေ ထိုင်းဗီဇာကပ်ထားတဲ့
စာရွက်မှန်သမျှကို ကော်ပီကူးသွားရင်အကောင်းဆုံးပါ။

ထိုင်းလ၀ကမှာ လိုအပ်တာတွေကတော့
၁၊ ပတ်စပို့အသစ် ရဲ့ ဓာတ်ပုံပါမျက်နှာ တစ်ရွက်
၂၊သက်တမ်းတိုးထားကြောင်းပြောတဲ့တံဆိပ်ပါတာကတစ်ရွက်
၃၊စာအုပ်အဟောင်းက တအုပ်လုံးကူးသွားတာအကောင်းဆုံး

သူလိုအပ်တဲ့စာရွက်တွေကိုပေးလိုက်ရုံပဲ့ ကော်ပီကူးမသွားရင် ဟိုဟာသွားကူးပါအုံး ဒီဟာသွားကူးပါအုံးနဲ့
ခဏခဏကူးခိုင်းတတ်တယ်အဲဒါကြောင့်ပါ။စာရေးသူတောင် တစ်ခေါက်ပြေးကူးလိုက်ရသေးတယ်။
ကော်ပီကူးတဲ့ဆိုင်က အဝေးကြီးဆိုတော့တစ်ခါတစ်လေ ရုံးပိတ်သွားတာမျိုးကြုံရတတ်တယ်။
အဲဒါတွေပြည့်စုံသွားရင် တုံကင် ပေးတဲ့ကောင်တာကိုသွားပါ အဲဒီမှာလက်ထဲရှိတဲ့ စာရွက်တွေနဲ့
ပတ်စပို့ကို ပြပြီး တုံကင်တောင်းရပါတယ်။ N 2/12 အဲလိုမျိုးနံပါတ်လေးပေးလိုက်ပါတယ်။
အဲဒါကိုကြည့်ပြီးလိုက်ရှာပါ။ သူကစုံရင်ယူထားပြီးကော်ပီကူးထားတဲ့ဖေါင်တွေအပေါ်မှာ
လက်မှတ်ထိုးရပါတယ်။အားလုံးပြီးရင် သူက သံဃာတွေနားနေဆောင်မှာစောင့်ဖို့ပြောလာရင်
သွားထိုင်နေရပါတယ်။ပြီးပါက သူတို့လာပေးပါတယ်။ စာအုပ်ရလာရင် သူတို့ပေးထားတဲ့ရက်စွဲ
တွေကိုသေသေချာချာစစ်ရပါတယ် ။လွဲနေမှာစိုးလို့။





ပတ်စပို့အဟောင်း



အောက်ကစာရွက်က စာအုပ်ချိန်း တဲ့ဖေါင်ပုံစံပါ
ကျောင်းမှာကထဲကဖြည့်သွားသင့်ပါတယ်




ထိုင်းလ၀ကရုံး ဖေါင်ပုံစံ


အောက်ကဖေါင်က နေထိုင်ခွင့်သက်တမ်းတိုးဖေါင်ပုံစံပါ
လိုအပ်ရင်ကြိုတင်လေ့လာလို့ရအောင်ဖေါင်တွေတင်ပေးထားတယ်
နေထိုင်ခွင့်သက်တမ်းတိုးဖေါင်ပုံစံ(ရှေ့)
နေထိုင်ခွင့်သက်တမ်းတိုးဖေါင်ပုံစံ(နောက်)

အောက်ကပုံက ရီအင်ထရီ ခဏပြန်ခွင့်ဖေါင်ပုံစံ
ဘတ် တစ်ထောင်ပေးရပါတယ်
ကော်ပီကူးရန်မလို

ရီအင်ထရီဖေါင်ပုံစံ(ရှေ့)
ရီအင်ထရီဖေါင်ပုံစံ(နောက်)

ထိုင်းလ၀ကရုံးမှာ သတိပြုစရာအချက်များကတော့
၁.အနေအထိုင်ယဉ်ကျေးသိမ်မွေ့မူရှိရခြင်း
၂.ဖုံးမအကျယ်ကြီးပြောပြီးမသွားရခြင်း
၃..မျက်ခုံးမွေးမရိတ်လျှင် ဆံပင်နဲနဲရှည်အောင်ထားသွားသင့်ခြင်း
၎.နားလည်သူများကိုခေါ်သွားတာအကောင်းဆုံးဖြစ်ခြင်း
၅..တစ်ခုခုမပြည့်စုံလျှင်စောဒကမတက်ဘဲ အသာတကြည်ပြန်လာပြီးနောက်မှစကားတတ်
ကျွမ်းသူကိုခေါ်လာပြီးဖြေရင်းရခြင်းတို့ဖြစ်ပါတယ်။


ထားဝယ်ရဟန်းငယ်(ပတ်စပို့စာအုပ်အသစ်ရတဲ့နေ့အမှတ်တရ)



No comments:

Post a Comment