Monday, June 28, 2010

မောင်းမကန်အလှ

နှစ်ပေါင်းများစွာသဘာဝအလျောက်လှပနေသောကန်းခြေ
တစ်ခုပါ။တခြားနာမည်ကြီးကန်းခြေတွေလိုပကာသနတွေ
မရှိပေမဲ့ သဘာဝအလှတွေနဲ့ တည်ရှိနေတာပါ။

သဘာဝကိုဖျက်ရင်သဘာဝတရားကလဲ
ပြန်ဖျက်တတ်တယ်ဆိုတာကို
ထိုင်းနိုင်ငံဖူးခက်ကန်းခြေကိုဆူနာမီကသတိပေးထားပြီးပြီ။

သဘာဝကိုလူကဖျက်သလို လူကိုလဲသဘာဝက
ဖျက်နေပြန်တယ်။

လူသားတိုင်းကိုယ်ကျင့်တရားကောင်းကြရင်
သဘာဝတွေကလဲလှနေမှာပါ.......။



Sunday, June 27, 2010

ဘန်ကောက်မှာလောင်းတဲ့ဆွမ်းခြောက်

ဘယ်ကိုမှကြွစရာမရှိတာနဲ့ထိုင်းဆွမ်းဆန်စိမ်းလောင်းပွဲကို
ဗဟုသုတအလို့ ငှါလိုက်သွားဖြစ်ပါတယ်။
မနက်၎ နာရီခွဲကနေပြီးကားနှစ်စီးနဲ့သံဃာအပါးတရာကြွ
သွားလိုက်တာမနက်၇ နာရီလောက်ရောက်ပါတယ်။
ရောက်တာနဲ့  တော်တော်ကောင်းတဲ့ ရပ်ကွက်
ဘောလုံးကွင်းထဲမှာခင်းထားတဲ့ထိုင်ခုံ
တွေအပေါ်မှာထိုင်နေရပါတယ်။သံဃာအပါးတစ်ထောင်
လောက်ဖြစ်မယ်ထင်တယ်။တော်တော်များပါတယ်။
အာရုံဆွမ်းကပ်တာကတော့ဘူးလေး
တွေနဲ့ကပ်တာပါ။ကိုယ့်နေရာမှာကိုယ်ထိုင်စားရပါတယ်။
သံဃာအများကြီးကိုဒီနည်းနဲ့ဆွမ်းကပ်တာက
တော့ မှတ်သားစရာကောင်းပါတယ်။အလုပ်ရှုပ်သက်သာလို့ ပါ။
ဆွမ်းစားပြီးထိုင်းလိုနဲ့ဘုန်းကြီးကတရားဟောပါတယ်။
၈နာရီခွဲလောက်ရောက်တော့ နဖူးကခြွေးတွေခြေမကိုကျနေပြီ။
အမိုးမရှိတဲ့ဘောလုံးကွင်းနပူပူထဲမှာတစ်ခါမှမ
ထိုင်းဖူးလားတော့မသိဘူး
ဒီတစ်ခါနောက်ဆုံးလို့တောင်စိတ်ထဲကဖြစ်မိပါတယ်။
သူဌေးဆိုတဲ့ လူတွေက အမိုအောက်မှာအခန့်သားထိုင်နေ
တာကိုကည့် ပြီး ဒီ နိုင်ငံကလူတွေ
ဘုန်ုးကီးကိုတော်တော်နိုင်ပါလားလို့တွေးမိပါတယ်။
သူတို့ ထားတဲ့ နေရာမှာနေရလို့ပါ။
တကယ်ဆိုတန်းတူထားမယ်ဆိုရင်တောင်ကျေနပ်လို့ရပါသေးတယ်။
အခုတော့  ထီးရိုးကထီးထက်မြင့် တဲ့ ကိန်းဆိုက်နေလို့ 
ရင်ထဲကဖြစ်တာလေးတွေကိုမှတ်တမ်းတင်ထားလိုက်တော့မယ်..။

Sunday, June 20, 2010

ရုပ်အတု


ရာဇ၀င်မှတ်တမ်းထဲကသူရဲကောင်းတွေရဲ့ လက်တွေဟာ
သွေးစွန်းခဲ့ကြတာများတယ်။

နောက်လူတွေအမှတ်တရဖြစ်နေအောင်ရုပ်တုတွေထုပြီး
သမိုင်းေုကာင်းကိုအမှတ်ရနေအောင်လုပ်တာကောင်းပေမဲ့..။
သူတို့ ရဲ့ ဒေါသတွေကိုအားပေးရာရောက်မှန်းမသိရောက်နေတယ်..။

ငါတို့ ..တစ်တွေ အလေးပြု ရှိခိုးထိုက်တဲ့ရုပ်တုတွေရဲ့ 
သမိုင်းေုကာင်းတွေမှာတော့
စွန့်လွှတ်ခြင်းတွေပြည့်နေဖို့လိုတယ်..။
လောဘ ဒေါသ မောဟ တွေမရှိ ပကတိ
ငြိမ်းအေးနေဖို့လိုတယ်...။

အဲဒါတွေမရှိယင်.....
ရွှေရုပ်တုပင်ဖြစ်ပစေဦးတော့
တစ်ချက်ကြည့် ရုံကလွဲလို့.....
နောက်ထပ်ဘာမှမရှိ...။

Thursday, June 17, 2010

ပင်လယ်ကျောက်


ပင်လယ်ထဲမှာတည်ရှိနေတဲ့ကျောက်တောင်ကျောက်ခဲတွေဟာ လှိုင်းတွေရဲ့ ဒဏ်ကို
သည်းခံနိင်ုကသလို......။လောကထဲမှာနေထိုင်ကြတဲ့လူတွေဟာလောဘ ဒေါသ
မောဟ လှိုင်းဒဏ်းတွေကိုခံနိုင်အောင် သီလ သမာဓိ ပညာ နဲ့  ဘ၀ကို
မြတ်စွာဘုရားရဲ့ တရားတော်နဲ့ အညီတည်ဆောက်ထာုးကရမယ်...။

ထားဝယ်ရိုးရာ ရေအိုးအက

နိုင်ငံတိုင်းး လူမျိုးတိုင်းမှာမိမိရဲ့ ကိုယ်ပိုင်အနုပညာအကတွေရှိတတ်ကြစမြဲပါ...။
မြန်မာနိုင်ငံရဲ့ တောင်ဘက် တိုင်းတစ်တိုင်းဖြစ်တဲ့ တနသ်ာရီတိုင်းမှာထားဝယ်
လူမျိုးတွေနေထိုင်ကြပါတယ် ...။လူမျိုးဆိုတဲ့နေရာမှာ ဗမာ လို့ ရေးရမယ်လို့ 
ဘယ်သူစထွင်ခဲ့ သလဲမသိပေမဲ့ ရင်ထဲမှာတော့ ထားဝယ်လူမျိုလို့ခံစားရတယ်..။
ထားဝယ်ရိုးရာအကဟာ သာမန်ကတာမျိုမဟုတ်ဘဲခေါင်းပေါ်မှာရေအိုရွက်ပြီး
ဟန်ချက်ညီညီကရတာဖြစ်တာကြောင့်တော်တော်ခက်ပါတယ်..။
တချို့ ဆိုရေအိုး၎ ငါးလုံးလောက်ရွက်ပြီးကတာတွေရှိတယ်..။တော်တော်ကို
လေ့ ကျင့်ထားရတာဖြစ်တယ်...။အဲဒါတွေက်မတိမ်းကောအောာင်နောင်လာ
နောင်သားထားဝယ်တွေက် ထိမ်းသိမ်းရမှာဖြစ်တယ်..။

်င်္င်္်င်္

Wednesday, June 16, 2010

G talk နှစ်ခုပွါးနည်း

သိတဲ့ သူတွေလွယ်ပေမဲ့မသိသေးတဲ့ သူတွေအတွက်တော့
ခက်နေတတ်တာဟာသဘာဝပါ...။
အဲဒီအထဲမှာအခုနည်းလေးလဲပါတယ် ...။
မေ့သွားရင်ပြန်ကြည့်လို့ရအောင်မှတ်တမ်းတင်ထားလိုက်မယ်..။

နည်းလမ်းကဒီလိုပါ
ဂျီတော့ကိုနှစ်ခုပွါးချင်ရင်ဂျီတော့ကိုအသုံးမပြုသေးဘဲဒက်စတော့
အပေါ်မှာပေါ်နေတဲ့ G.talk အိုင်ကွန်လေးကိုညာကလစ်ထောက်လိုက်ပါ...။
အောက်ဆုံးစာတန်းကိုဘယ်ကလစ်ထပ်နှိပ်ပါ...ပေါ်လာတဲ့အကွက်ထဲမှာ
ြshortcut ဘားကိုရွေးပြီးရင် အောက်နားက target အကွက်ထဲမှာ
"C:\Program Files\Google\Google Talk\googletalk.exe" /
အဲဒီလိုပေါ်အောင်းဘေးကစာတန်းကိုဖျက်လိုက်ပါ
nomutex စာတန်းလေးရိုက်ထည့် လိုက်ပါ..။
"C:\Program Files\Google\Google Talk\googletalk.exe" /nomutex
အဲဒီလိုဖြစ်သွားရင် အောင်မြင်ပါပြီ ဘေးနားက apply ကိုနှိပ် ပြီး ok ကိုနှိပ်လိုက်..။
ဂျီတော့ကိုပွါးချင်သလောက်ပွါးလို့ရပါပြီ........။
အဆင်ပြေပါစေ...။

ဝင်းဒိုးကိုဖြည့်ပေးသောဆောလ်ဝဲ

တခါတလေ၀င်ဒိုးချပြီး ၀င်းဒိုးပြန်တင်ရင်
တချို့ သော အစီအစဉ်တွေကျန်ခဲ့တတ်ကြတယ်..။

ဝင်းဒိုးမပြည့်စုံပဲသုံးရင်ဝင်းဒိုးဆွေခဏခဏတောင်း
နေတာနဲ့ ပဲ့ စက်ကိုသုံးရတာအဆင်မပြေဘူးလေ..။

အဲဒီလိုမဖြစ်အောင်သူငယ်ချင်းတစ်ယောက်ပေးထားတဲ့
ဒီဆောလ်ဝဲလေးကကောင်းတယ်လိုအသိပေးလိုက်ပါရစေ...
ဒေါင်းချင်ရင်... ဒီမှာ....သွား
ပြီးဒေါင်းလိုက်ပါ လင့် ချိတ်ထားတယ်.......။
အဆင်ပြေကြပါစေ......

ဗိုင်းရတ်စစ်သောဆောလ်ဝဲ

ဗိုင်းရတ်ကိုက်ရင်ဗိုင်းရတ်ကိုသေသေခြာခြာစစ်
ဖို့ ဆောလ်ဝဲကောင်းလေးတွေသိဖို့လိုအပ်တယ်..။

ကိုယ်တိုင်လဲသိမ်းထားတဲ့ အနေနဲ့ 
ဒီနေရာလေးမှာရေးထားခဲ့ မယ်..။

မျက်စိလည်ကာလာဖတ်ရင်လဲ ဖတ်တဲ့ လူတွေ
အကျိုးရှိစေရမယ်....
ဒေါင်းချင်ရင် ဒီမှာ
ရှာပြီးဒေါင်းလိုက်ပါ လင့် ချိတ်ပေးထားတယ် ......
အဆင်ပြေကြပါစေ....။

ချင်းမိုင်ကမြန်မာကျောင်း


ကျောင်းထဲကိုဝင်လိုက်တယ်ဆိုယင်ပဲ့ မြန်မာ
ပြည်ကိုရောက်နေသလားထင်မှတ်ရလောက်
အောင်မြန်မာဆန်လွန်းတာကတော့ ချင်းမိုင်က ၀ပ်ဆိုင်မွန် မြန်မာကျောင်း ဖြစ်ပါတယ်..။
ကျောင်းထိုင်ဘုန်းကြီးကအသက်ကြီးပြီဆိုတော့ ...
တချိန်ကြရင်ထိုင်းကျောင်းဖြစ်သွားတော့မဲ့အရေးမဆီမဆိုင်တွေးပူမိသား..။
ထိုင်းမှာက ဒုတိယအဆက်
အနေနဲ့ မြန်မာဘုန်းကြီးပိုင်ခွင့်မရှိအောင်ဥပဒေ
တွေနဲ့တားဆီးထားတော့ မြန်မာကျောင်းတွေဟာ ထိုင်းတွေရဲ့ လက်အောက်ကို
ရောက်သွားကြတယ်..။ လန်းပန်း မြို့ မှာဆိုယင် မြန်မာကျောင်း တစ်ကျောင်းသာ
ကျန်ပြီး ကျန်သော ၈ ကျောင်းကထိုင်းတွေသိမ်းထားလိုက်ပြီလေ..။
နိုင်ငံခြားသားတွေကိုပြတိုက်အဖြစ်ပြစားရင်းပိုက်ဆံရှာနေကြတယ်..။
မရောက်ဖူးလို့ သွားကြည့်တာ မြန်မာမှု မြန်မာ့ဟန်တွေကိုကြည့်ရင်အံ့သြ
မြန်မာတွေမပိုင်တော့ပါလားလို့တွေးရင်းရင်မောပြီးပြန်ခဲ့ရတယ်..။

စာသင်ချိန်


ထိုင်းနိင်ငံ ဘန်ကောက်မြို့ ဟာမကုဋ တက္ကသိုလ် စာသင်ခန်းမှာစာသင်နေသောမြန်မာရဟန်းတော်များဖြစ်ပါတယ်....။
ဘန်ကောက်ကိုရောက်လာတာရည်ရွယ်ချက်အမျိုးမျိုးရှိကြပေမဲ့
သာသနာကိုချစ်မြတ်နိုးတဲ့
ရည်ရွယ်ချက်လေးများတော့တူညီကြပါတယ်..။
တိုင်းတစ်ပါးမှာသည်ခံခြင်းတရားများစွာနဲ့ရပ်တည်နေကြ
ရတဲ့ရဟန်းတော်များဟာမြန်မာပြည်ကအလုပ်လာလုပ်သောတကာ တကာမ
များစွာရဲ့ စေတနာ တွေကိုအချည်းအနှီးမဖြစ်စေဘဲစွမ်းနိုင်ရာရာမှာတာဝန်ထမ်းဆောင်
ရင်းသာသနာပြုနေကြတာဖြစ်ပါတယ်..........။

ဗိုင်းရတ်သတ်သောဆောဝဲကောင်းလေးပါ

မနက်မိုးလင်းလို့စက်ကိုဖွင့်လိုက်ရင်စက်ဟာလုပ်နေကျအ
လုပ်ကိုမလုပ်တော့ဘူးဆိုတာသိလိုက်ရတာ
လောက်စိတ်ညစ်ဝရာကောင်းတာမရှိတော့ဘူးထင်တယ်။
ဗိုင်းရတ်များကူးလေမလားဆိုတဲ့အသိစိတ်
နဲဗိုင်းရတ်သတ်နိုင်တဲ့ဆောဝဲတွေနဲ့စစ်ဆေးရတာလဲအမော။
အဆင်ပြေရင်တော့ကောင်းပေမဲ့ တခါတလေ
အနာနဲ့ဆေးလွဲနေတတ်သလို ဗိုင်းရတ်သတ်တဲ့ဆောဝဲနဲ့လွဲနေ
တဲ့အခါတွေလဲကြုံရတတ်လေတော့
အဲဒီလိုမဖြစ်ရလေအောင်ကိုယ်တွေ့လေးမှတ်တမ်းတင်ထားလိုက်တယ်..
ဗိုင်းရတ်နာမည်က....win32sality.AA
ဖြစ်ပုံတွေက.......ဓာတ်ပုံဖိုင်ကိုနှိပ်လိုက်ရင်စက်ကဘာမှလုပ်လို့မရတော့ခြင်း
ကော်ပီကူးရင်လဲထိုအတူ
ရိုက်ကလစ်နိပ်ရင်ပေါ်လာတဲ့send to ကိုမျှားထောက်မိရင်စက်ကရပ်သွားခြင်း
ပါဝါပိတ်မှသာစက်ကအလုပ်လုပ်ခြင်း တိုဖြစ်ပေတယ်..။

သူငယ်ချင်းတစ်ယောက်ကိုအကူညီတောင်းတော့ ဆော့ဝဲတစ်ခုလက်
ဆောင်ပေးလိုက်တယ်.....
အဲဒီဆော့ဝဲက ဗိုင်းရတ်တော်တော်များများကိုသတ်နိုင်တာတွေ့ရတယ်...
လိုချင်ရင်တော့........ဒီမှာ ဒေါင်းလိုက်ပါ
...အဆင်ပြေပါစေ။

Tuesday, June 15, 2010

http://www.mediafire.com/?jmzfgqewbtz
ကိလေသာတွေကိုသတ်ပါ

Tuesday, June 1, 2010

ခေါင်းငါးလုံးနဲ့မွေ အာရုံငါးပါးနဲ့လူ


အာရုံငါးပါးကာမဂုဏ်တရားတွေဟာ..
ရဟန်းတွေအတွက်တော့ခေါင်းငါးလုံးနဲ့မွေနဲ့တူတယ်
ဘယ်ခေါင်းနဲ့ပဲ့ကိုက်ကိုက်အဆိပ်သင့်မှာသေချာတယ်လေ..။
မတွေ့ခင်ရှောင်နိုင်ရင်တော့လွတ်မှာသေချာတယ်..
တွေ့ခဲ့ရင်လဲရှောင်ဖို့ကြိုးစားရမယ်လေ..။