Sunday, January 22, 2012

တိပိဋကဆရာတော်တစ်ပါးနှင့်ခဏအတွေ့ မှတ်သားစရားအဆုံးအမများ


တိပိဋကဆရာတော်တစ်ပါးနှင့်ခဏအတွေ့ မှတ်သားစရားအဆုံးအမများ
မြန်မာပြည်တွင်းမှာအမြင့်ဆုံးဘွဲ့ရတိပိဋက ဆရာတော်အရှင်ဂန္ဓမာလာလင်္ကာရသည်
အင်္ဂလန်မှာကျောင်းတက်ခဲ့တဲ့ဆရာတော်တစ်ပါးဖြစ်သည်။
ပိဋကတ်အတွေ့အကြုံ နိုင်ငံခြားအတွေ့အကြုံများဖြင့်ပြည့်နေသောဆရာတော်ကြီးသည်
ပရဟိတတွေကိုလဲလုပ်ဆောင်နေပါသည်။
ဆရာတော်သည်တရားပွဲကျင်းပရာ ထိုင်းနိုင်ငံ ပန်ပူရီမြို့ ပန်းရောင်နာနတ်သီးစက်ရုံ
တိုင်းရင်းသားပေါင်းစုံ စုပေါင်းကျင်းပသောတရားပွဲသို့ ရနောင်ဌာနီ စာသင်ကျောင်း ကလေများ
အတွက် လေယဉ်အပေါ်ကဆင်းဆင်းခြင်း ၃ နာရီခရီးကို ကြွလာခဲ့ပါသည်။
တရားကိုနှစ်နာရီ ခန့်ဟောကြားပါသည်။.......

တရားပွဲအပြီးဘန်ကောက်ကို၃ နာရီခန့်ကားစီးကာပြန်လာခဲ့ပါသည်။ ည ၁ နာရီ ခွဲ ကျောင်းကို
ပြန်ရောက်ပါသည်။မနက် အာရုံဆွမ်းစားအတွက် ၄ နာရီထကာကြွရပြန်ပြီးတော့ နံနက် ၈ နာရီမှာ
တိပိဋ ကဆရာတော် ၃ ပါးနှင့်အတူ သံဃာပါးတရာကျော် ဆွမ်းဆံစိမ်းလောင်းရာ
လိုင်းလင်း စက် ရုံသို့ တရားဟောကြွရပြန်သည်။
မမောမပန်းအပင်ပန်းကြီးစွာသာသာနာပြုခဲ့သောမင်းကွန်းဆရာတော်ကြီးရဲ့နည်းအတိုင်း
ဆရာတော်ရဲ့တပည့်တွေသာသနာပြုနေတာကိုမြင်ရတော့ ဆရာကော တပည့်ပါ
သာသနာ့သူရဲကောင်းတွေပါလားလို့ ကြည်ညိုမိသည်။
ဆရာတော်နဲ့အတူ အနီးကပ် တရားပွဲ ၃ ခါ နာမိတော့ ဆရာတော်တရားတွေဟာ
မထပ်မှန်းသိလာရသည်။
ဆရာတော်ရဲ့မမေ့စရာစကားတွေကတော့

မကျေနပ်ရင် ငုံ ကြည့် ကျေနပ်ရင်မော့ကြည့်

တစ်ယောက်ထဲတည့်အောင်နေ

စတဲ့တိုတိုနဲ့ထိတဲ့စာသားတွေကိုအကျယ်ချဲ့ပြီးပြောဟောသွားပါတယ်။
နောက်ပြီးဆရာတော်ဟောခဲ့တဲ့ အမှိုက် တရားကလဲ လူတွေတော်တော်ကြိုက်ကြတာတွေ့ရပါတယ်။
ဆရာတော် ဆက်ပြီးသာသနာပြုနိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဘုရား။
ဆရာတော်တရားပွဲအတွက်ဖိတ်စာကို ကိုယ်တိုင်ပြုလုပ်ပြီး တတ်နိုင်တဲ့ဘက်ကကူညီခွင့်ရခဲ့တာကိုလဲ
ကျေနပ်နေမိသည်။

ထားဝယ်ရဟန်းငယ်(တိပိဋကဆရာတော်နဲ့အတူတရားပွဲအမှတ်တရ)







No comments:

Post a Comment