Saturday, January 26, 2013

အမေ့ကျေးဇူးကျေအောင်ဆပ်နည်း

                                                       
မြတ်ဗုဒ္ဓက မိခင်ကိုလောကီချမ်းသာတွေနဲ့ကျေးဇူးဆပ်လို့ကတော့ ကျေနိုင်မည်မဟုတ်ပါဘူးတဲ့၊ လောကုတ္တရာတရားဖြင့်ကျေးဇူးဆပ်မှကျေနိုင်ပါကြောင်းဟောထားပါတယ်။ ဒီတော့ အမေနေ့မှာ မိမိ၏မွေးမိခင်ကို လောကုတ္တရာအမွေဖြင့်ကျေးဇူးဆပ်လိုက်ပါ။
 
၁-သဒ္ဓါတရားမရှိသေးသောမိခင်ကို သဒ္ဓါတရားကူ၍ဆပ်လိုက်ပါ။
၂-သီလတရားမရှိသေးသောမိခင်ကို သီလစင်ကြယ်စေ၍ဆပ်လိုက်ပါ။
... ၃-စာဂတရားမရှိသေးသောမိခင်ကို စာဂ(စွန့်ကြဲခြင်း)ရှိစေ၍ဆပ်လိုက်ပါ။
၎-ပညာတရားမရှိသေးသောမိခင်ကို ပညာတရားရင်မှာထိစေ၍ဆပ်လိုက်ပါ။
 
ဆောင်ပုဒ်။ ။
- အမေ့ကျေးဇူး၊ကျေချင်သူ၊သဒ္ဓါကူ၍ဆပ်။
-အမေ့ကျေးဇူး၊ကျေချင်သူ၊ သီလကူ၍ဆပ်။
-အမေ့ကျေးဇူး၊ကျေချင်သူ၊ စာဂကူ၍ဆပ်။
-အမေ့ကျေးဇူး၊ကျေချင်သူ၊ ပညာကူ၍ဆပ်။
အမေနေ့အမှတ်တရမို့ အမေနာမည်ကြည့်ပဲသုံးထားပါတယ်။
 
ရင်ဘတ်ထဲကအမေ
ကိုးလလွယ် ဆယ်လဖွါး
မငြီးမငြူ စောက်ရှောက်ခဲ့တာ
မေမေ့ မေတ္တာ တရား
နှိုင်းတု စရာ မရှိ တာ
မေမေ ဂရုဏာတွေပါ

သားသမီးတွေအတွက်
အမေ ဟာ စမ်းချောင်းကလေးလိုပဲ
အေးမြတဲ့ မေတ္တာ အကြင်နာတွေ
အမြဲပေးနေတဲ့ ရေကြည် တပေါက်

ဘဝ လှိုင်းထန် ဘယ်လောက်ပင်ကြမ်းကြမ်း
အပြုံး မပျက် မေတ္တာ ဖက်လျက်
ပြုစု စောက်ရှောက် ခဲ့တာ လမ်းတလျောက်ပေါ့

မေမေ ဟာ
သားသမီးတွေ အတွက်တော့
မြင့်မိုရ် တောင် မက ကျေးဇူးကြီးလှ
မာတာ မိခင် ကျေးဇူး ရှင် ကို
လက်ဆယ်ဖြာ ထိပ်မှာ မိုး လို့ 
ရှိခိုး လိုက်ပါတယ် မေမေ
 

No comments:

Post a Comment