Saturday, March 13, 2010

ရဟန်း

ငှက်တွေပျံသန်းတဲ့အခါ
အတောင်ပံနှစ်ဖက်သာပါသလိုမျိုး
ဘယ်နေရာကိုသွားသွား
ပရိက္ခရာ(၈)ပါးကိုသာယူ၍
လိုရာခရီးကိုသွားလေသူ......။

အိမ်စဉ်တိုင်းရပ်၍
တပ်မက်မှုကင်းစွာ
ကုသိုလ်ရစေချင်သောဆန္ဒဖြင့်
စဉ်ကြယ်စွာအသက်မွေးသူ....။

ဘုရားဟောတရားတွေကို
သိစေလိုသောစေတနာဖြင့်
လူအပေါင်းကိုရှင်းလင်းပြသသူ....။

အမှောင်ထဲရောက်နေသောသူများကို
လက်ကိုကိုင်ဆွဲဒါအလင်းရောင်ပဲ့ဟု
အယူမှန်ကိုပြသသူ.......။

No comments:

Post a Comment