အဇာတသတ်
လပြည့်ညမှာ
ငါ့ရင်တွေပူလောင်လို့ပါလား
တခုခုဟာနေသလိုမျိုး။
နန်းတော်တစ်ဆောင်လုံး
ငါ့လိုဝေဒနာတစ်ယောက်မှရှိပုံမပေါ်ဘူး ။
လောကတစ်ခုလုံးပျော်ရွှင်နေတာတောင်
ငါဘ၀ဟာခြောက်ကပ်လို့
ရထားတဲ့စည်းစိမ်းတွေ
ငါ့စိတ်ကိုမပျော်ရွှင်စေနိုင်ဘူး။
ငါ့အမှားကငါ့ကိုတောက်လောင်နေပြီ
ဒေါသမီး
လောဘမီး
မောဟမီး။
ငါသတ်ခဲ့တဲ့ငါ့အဖေ
ငါ့ကိုပူလောင်မူငြိမ်းစေခဲ့တဲ့ငါ့အဖေ
ငါ့ကိုလူဖြစ်အောင်လုပ်ခဲ့တဲ့ငါ့အဖေ
အခုတော့မရှိတော့ဘူး...။
ဟာ.....ဘာလုပ်ရမလဲ
အမတ်ကြီးတွေလာလဲ့စမ်း
ငါဘာလုပ်ရမလဲ....။
မင်းကြီးတိတ္ထိဆရာတွေဆိသွားပါ
စိတ်တွေပျော်ရွှင်ကြောင်းဟောပါလိမ့်မယ်
ငါမပျော်ရွှင်ရင်ကော....
အဇာတသတ်အမေးမှာ
အားလုံးအသံတွေတိတ်လို့။
ဟေ့ဇီဝက
မင်းကလူနာတွေဆေးကုတော့
ငါ့စိတ်ဒဏ်ရာကိုမကုပေးနိုင်တော့ဘူးလား..။
ကုပေးနိုင်ပါတယ်မင်းကြီး။
မြတ်စွာဘုရားဆီကိုလိုက်ခဲ့ပါ
စိတ်ဒဏ်ရာသက်သာပါလိမ့်မယ်။
မသက်သာရင်ကော
သတ်လိုက်ပါမင်းကြီး။
ကြိုက်တယ်ကွာ
လာသွားကြစို့။
တိတ်တိတ်လေးလိုက်ခဲ့ပါမင်းကြီး
တိတ်ဆိတ်မူဟာကြောက်စရာမဟုတ်ပါဘူး။
ဟော ဟိုမှာ မြတ်စွာဘုရား
မြင်ရယုံနဲ့အေးချမ်းသွားပါလား
ရှိခိုးလိုက်မိတယ်..။
သာမညဖလသုတ်ကိုနာယူမိတော့
ဓမ္မဆေးတွေ ရင်ထဲခသွားပြီ
သောကတွေမြေခသွားပြီ။
အမှားကိုမှားမှန်းသိရင်ပညာရှိ
မသိရင်တော့လူမိုက်တဲ့
အဇာတသတ်ဆက်မမိုက်တော့ဘူး။
လရောင်ကြောင့်ကုမုဒြာကြာပွင့်သလို
မြတ်စွာဘုရားတရားတော်ကြောင့်
အသိညဏ်တွေပွင့်ခဲ့ရပြီ။
ထားဝယ်ရဟန်းငယ်( တန်ဆောင်မုန်းလပြည့်ညအမှတ်တရ)
No comments:
Post a Comment