မိုးတွေရွာတိုင်းမျက်ရည်ဝိုင်း
ထားဝယ်သူထားဝယ်သားတွေဘာဖြစ်လို့ထိုင်းမှာများရတာလဲ လို့သူငယ်ချင်းတွေက
မေးကြတယ်။အလုပ်မရှိလို့လား ထိုင်းမှာပိုက်ဆံပိုရလို့လားတဲ့.....
ပြန်ဖြေဖြစ်တာကတော့...
ထားဝယ်ဘက်မှာမိဘပိုင် လယ်တွေ ခြံတွေရှိတော့ရှိတယ် ဒါပေမဲ့ ထိုင်းမှာကပိုက်ဆံအရမြန်တယ်
ထိုင်းမှာအလုပ်လုပ်ပြီးရွာကိုပိုက်ဆံပို့ ပြီး မိဘတွေရှိနေသေးတုံးအလှူကြီးတန်းကြီး
ပေးခြင်ကြတယ်ဒါထိုင်းကိုအလုပ်လာလုပ်တဲ့ထားဝယ်သူထားဝယ်သားတိုင်းရဲ့ဆန္ဒတွေဖြစ်တယ်။
နောက်ရည်ရွယ်ချက်တွေကတော့ အိမ်ဆောက်မယ် မိန်းမယူမယ် ဆိုင်ကယ်ကောင်းကောင်းဝယ်စီးမယ်ဆိုတာပါပဲ့။........
ထားဝယ်ဘက်မှာလယ်တွေအများကြီးပိုင်တဲ့လူတွေဟာမချမ်းသာကြပါဘူး။
အခုဆိုလယ်လုပ်မဲ့သားသမီးတွေ ကထိုင်းမှာလာအလုပ်တာများတော့ မိဘတွေကိုယ်တိုင်
လယ်ထဲဆင်းပြီးအလုပ်တွေလုပ်ကြရတော့တယ်။
ထိုင်းမှာဆို လယ်လေး ၃ဧကလောက်ရှိယင်ကိုလူလတ်တန်းစားလောက်နေနိုင်ကြတယ်။
လယ်ထဲမှာတိုက်ဆောက်ပြီး တစ်ရာသီးကို လေးသီးလောက်စိုက်တယ်ဆိုတော့ ဒီလယ်တွေဟာ
ပိုက်ဆံတွေပဲ့ပေါ့။
ထိုင်းလယ်ကွင်းတွေကိုကြည့်ပြီးထားဝယ်ကိုသတိရမိတာလဲအခါခါပါပဲ့။
စီးပွါးဖြစ်လယ်ယာလုပ်နိုင်တဲ့နည်းစနစ်တွေ ဥပဒေတွေအမြန်လိုအပ်နေတာကတော့အမှန်ပါပဲ့။
ဒါမှသာကိုယ့်မြေကိုယ့်ရေမှာအလုပ်လုပ်တဲ့လူတွေပေါများလာမှာဖြစ်ပါတယ်။
ဗွီဒီယိုထဲကအလှူပေးတဲ့မိသားစုတွေကစာရေးသူနဲ့အမျိုးတော်ပါတယ်။
စာမေးပွဲနဲ့တိုက်နေလို့အလှူမသွားဖြစ်တော့တာပါ။
ရှိတဲ့သားသမီးတွေကအကုန်လုံးထိုင်းမှာအလုပ်လုပ်နေတာဆိုတော့အိမ်မှာ ကူဖော်လောင်ဖက်က
မရှိဖြစ်ရတယ်။
မိုးတွေတအားရွာနေတဲ့တစ်နေ့ပေါ့
သားသမီးတွေကိုသတိရရင်းတကာမကြီးမိုးရွာထဲကိုပေါက်တူးကိုင်ပြီးဆင်းလိုက်တယ်။
ရေမြောင်းတွေမှာပိတ်နေတဲ့အမှိုက်တွေကိုဖယ်ရှာရင်းချမ်းရမှန်းတောင်မသိတော့ပါဘူး။
ဂျိန်း......ဂျိန်း......
ခေါင်းထဲမှာမိုက်ကနဲဖြစ်သွားတယ်။လောကကြီးတစ်ခုလုံးစက်ဝိုင်းကြီးလို့လည်နေတယ်။
အား..............အသံတွေထွက်မလာတော့ဘူး
အားလုံးဟာမှောင်အတိ။
(တကယ်တော့တကာမကြီးကိုမိုးကြိုးစက်ကွင်းထိသွားတာပါ။)
သတိရလာတော့
ငါ့အောက်ပိုင်း အောက်ပိုင်း ....
ဟာ...လှုပ်လို့မရတော့ဘူး
အသံ အသံ.... ဟာ...............အသံတွေလဲထွက်မလာတော့ဘူး.......
ဒုက္ခိတဘ၀ကိုတစ်မိနစ်အတွင်းပြောင်းလဲသွားပါကောလား
ဆိုးလိုက်တဲ့ငါ့ ကံ.....ဘယ်ဘ၀က၀ဋ်ကြွေးတွေကြောင့်လဲ....ဟီးဟီး ..
ငိုနေပေမဲ့အသံမထွက်တော့ ငိုတာတောင်အားရပါးရမငိုရ
နောက်ဆုံးတော့ အောက်ပိုင်းသေ စကားအသံမထွက်တော့တဲ့ဒုက္ခိတဘ၀နဲ့လက်ကျန်
လောကကြီးကိုရင်ဆိုင်ရတော့မယ်။
လူသေသွားတာမှမဟုတ်ဘဲ ဘာဖြစ်လို့အားငယ်နေရမှာလဲ
မသေတာပဲ့ကံကောင်းနေပြီ။ငါအသက်ရှင်နေသရွေ့ ကုသိုလ်တွေလုပ်လို့ရသေးတယ်
ငါ့သားသမီးတွေ လှူတန်းနိုင်လာတဲ့တစ်နေ့ငါသာဓုခေါ်နိုင်သေးတယ်။
တရားတွေနာနိုင်သေးတယ်ဟဲ့.....
လို့တရားနဲ့ဖြေရင်နေလာလိုက်တာ အခုဆို ၆ နှစ်လောက်တောင်ရှိရော့မယ်..
ဒီလိုနဲ့တဖြေးဖြေး
အောက်ပိုင်းသေရင်းကံကြမ္မာကိုစိန်ခေါ်ရဲလာတယ်.....
အလှူမှာ ငိုတာနဲ့ ရယ်တာ လောက်နဲ့ပဲ့လုပ်နိုင်ပြီး သားသမီးတွေ
မြေးတွေ ကိုရင် ရဟန်း သီလရှင်ဝတ်တာကြည့်ပြီး ၀မ်းသားနေတာအောက်ပိုင်းသေနေတယ်ဆို
တာတောင်မေ့သွားတယ်။
အခုတော့မိုးချိမ်းသံကြားရင်မကြောက်တော့ပါ
အလှူတုန်းကကြားရတဲ့အမျှဝေသံ သာဓုခေါ်သံတွေကသတ္တိတွေဖြစ်နေပြီ ......
ဒါပေမဲ့
အမျှဝေ တာကို ကျယ်ကျယ်လေးမဆိုရတဲ့အတွက် တော့...
မိုးတွေရွာတိုင်းမျက်ရည်ဝိုင်းနေမိတယ်လေ.။.
မိဘနှစ်ပါးစလုံးအကောင်းရှိတဲ့အချိန် လှူနိုင်တန်းနိုင် သာဓုခေါ်နိုင်ဖို့ဆိုတာ
ငွေ...ငွေ...အမြန်ရနိုင်တဲ့ထိုင်းကိုအလုပ်သွားလို့ဖို့တွန်းအားတွေဖြစ်စေနေတော့တယ်..
ရွာကိုပြန် မိဘတွေနဲ့အတူအလှူပွဲကြီးအမြန်ပေးနိုင်ကြပါစေ.....
ထားဝယ်ရဟန်းငယ်(7.13.2012 ည ၁၂ နာရီ)
အလှူမှတ်တမ်း တတိယပိုင်း
No comments:
Post a Comment