Friday, July 13, 2012

ဦးကျော်တင်+ဒေါ်ထွန်းကြူ အလှူ (ဒုတိယပိုင်း)



 
 မိုးတွေရွာတိုင်းမျက်ရည်ဝိုင်း
ထားဝယ်သူထားဝယ်သားတွေဘာဖြစ်လို့ထိုင်းမှာများရတာလဲ လို့သူငယ်ချင်းတွေက
မေးကြတယ်။အလုပ်မရှိလို့လား ထိုင်းမှာပိုက်ဆံပိုရလို့လားတဲ့.....
ပြန်ဖြေဖြစ်တာကတော့...
ထားဝယ်ဘက်မှာမိဘပိုင် လယ်တွေ ခြံတွေရှိတော့ရှိတယ် ဒါပေမဲ့ ထိုင်းမှာကပိုက်ဆံအရမြန်တယ်
ထိုင်းမှာအလုပ်လုပ်ပြီးရွာကိုပိုက်ဆံပို့ ပြီး မိဘတွေရှိနေသေးတုံးအလှူကြီးတန်းကြီး
ပေးခြင်ကြတယ်ဒါထိုင်းကိုအလုပ်လာလုပ်တဲ့ထားဝယ်သူထားဝယ်သားတိုင်းရဲ့ဆန္ဒတွေဖြစ်တယ်။
နောက်ရည်ရွယ်ချက်တွေကတော့ အိမ်ဆောက်မယ် မိန်းမယူမယ် ဆိုင်ကယ်ကောင်းကောင်းဝယ်စီးမယ်ဆိုတာပါပဲ့။........

သင်းကျွန်းရွာက အလှူ (ပထမပိုင်း)


Friday, June 22, 2012

ဘ၀ဆက်တိုက် + ချင်တယ်ဆိုရင်

မနက်က ဆွမ်းလာကပ်ရင်းနဲ့ ပြောဖြစ်ကြတာလေးပါ...
ယူတုန်းကတော့ ကြိုက်လို့ယူကြ အတွေးအခေါ်မတူတော့ စိတ်ဆင်းရဲကြနဲ့...
တော်ကြားပေါင်းမယ် တော်ကြာကွဲမယ်...

ဒကာကြီး နောက်ဘဝ ဒကာမကြီးနဲ့ ဆုံချင်သေးလား...
ဟီးးး မဆုံချင်တော့ပါဘူးဘုရား...

ဒကာကြီး နောင်ဘဝမှာ မပေါင်းချင်တော့ဘူးဆို လွယ်လွယ်လေးပဲ...
အတွဲလေးမျိုး ဘုရားဟောထားတာရှိတယ်...

Friday, May 18, 2012

ဆရာ့ကျေးဇူး အောက်မေ့ခြင်းအမှတ်တရ

   ပျံလွန်တော်မမှုမီ ၄ လအလိုစာရေးသူနှင့်ဆရာတော်ရိုက်ထားသည့်ပုံ

            သင်းကျွန်းတိုက်ကျောင်းဆရာတော်
မိမိ၏ငယ်ဆရာသင်းကျွန်းတိုက်ကျောင်းဆရာတော်ကားပျံလွန်တော်မူသွားပေပြီ။သို့ပေမဲ့ဆရာ့ကျေးဇူးတွေကိုကား
မေ့ထားလို့မဖြစ်ဘူးဟု စိတ်ထဲတွင်ခံယူချက်ထားလေသည်။ ပျံလွန်တော်မူခါနီးမှတ်မှတ်ရရ ဆရာတော်အားကျေးဇူးဆပ်ခွင့် နှစ်ခု ရခဲ့လေသည်။ မိမိစာသင်တိုက်ဗဟန်းညောင်တုန်းကျောင်းတိုက်ထုတ်မဂ္ဂဇင်းစာအုပ်
တစ်အုပ်ဝယ်ပြီးဆရာတော်အားအဝေးမှလူကြုံဖြင့်ထည့်လှူလိုက်သည်။ နောက်မှတကာတွေဆီမှသိရသည်က
အဲဒီစာအုပ်ကိုဆရာတော် နှစ်ရက်လောက်ဖတ်နေပြီး ငါ့တပည့်ပေးလိုက်သည့်စာအုပ်ဖတ်လို့တယ်ကောင်းဟေ့
ဟုဆိုကာတကာ တကာမတွေကိုပြောသည်ဆို၏။
နောက်တစ်ခုက...........

Sunday, May 6, 2012

ကော့တောင်ကျွန်းပေါ်ကမြန်မာစေတီ

ထိုင်းနိုင်ငံ၊ စူရတ်ဌာနီခရိုင်၊ ကော့တောင်ကျွန်း၊ မြန်မာတိုင်းရင်းသားများစုပေါင်းတည်ထားကိုယ်းကွယ်
အပ်သော အဓိဌာန်ပြည့် ကိုးန၀င်းစေတီ ထီးတော်တင်းပွဲကို ၁၃၇၄ ခုနှစ်၊ မဟာကဆုန်လပြည့်နေ့တွင်
စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။ထိုထီးတော်တင်ပွဲကို ပင့်သံဃာ မြန်မာရဟန်း ၆ ပါး ထိုင်းရဟန်း၅ ပါးပင့်ဖိတ်ရာတွင် မြန်မာရဟန်းတပါးအနေဖြင့်လိုက်ပါသွားခဲ့ပါသည်။ ထီးတော်တင်ပွဲမှာလျှပ်တပျက်ရိုက်ခဲ့သောဓာတ်ပုံများကိုပို့စ်တစ်ပုဒ်အနေအားဖြင့်ဘလော့တွင်
မှတ်တမ်းတင်ထားလိုက်မည်ဟုစိတ်ကူးအတိုင်းရေးထားလိုက်ပြီ။
 ဓာတ်ပုံကောင်းကောင်းရိုက်လိုသော်လည်း ရဟန်းတစ်ပါးအနေအားဖြင့်........