Tuesday, January 31, 2012

လူထုနဲ့အတူ

 လူထုနဲ့အတူ
 
"သံဃာတော်တွေအနေနဲ့မဲပေးခွင့်မရှိပေမဲ့
NLD ဒီကိုမဲထည့်ဖို့တော့တိုက်တွန်းခွင့်ရှိတယ်"
(ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မိန့်ခွန်းမှ)

ဟုတ်လိုက်လေခြင်း
ငါတို့တွေလုပ်နိုင်တာကိုမေ့တော့မလို့၊

တိုက်ပေါ်နေရပေမဲ့
တဲပေါ်ကစကားလုံးတွေက
တိုက်ပေါ်မှာလာလာထွက်ကျတော့
ဘုန်းဘုန်းတို့ မျိုမကျဘူးလေ။

သာသနာဟာ
ဒီမိုကရေစီရှိတဲ့နိုင်ငံမှာ
ပေါ်ထွန်းခဲ့တာပါ။

လူတစ်စုကောင်းစားရေးလုပ်မူကြောင့်
သာသနာတော်ရဲ့
ပေါင်းကူးတံတားတွေ
ရိုက်ချိုးခံရပြီး
သံတိုင်နောက်ကိုရောက်သွားကြရတယ်။

အကျင့်ဆိုးထဲမှာ
နှစ်ပေါင်းများစွာကျွံ ခဲ့တဲ့ငါတို့ပြည်
ပြည်သူတွေနဲ့အတူ
ဝိုင်းကူတွန်းအံ့။

ထားဝယ်ရဟန်းငယ်(ဒေါ်စု ထားဝယ်ရောက်အမှတ်တရ)


Friday, January 27, 2012

ထိုင်းဘုန်းကြီးကျောင်းနဲ့ သရဲ(ထိုင်းအတွေ့အကြုံများအပိုင်း ၂)

 ထိုင်းဘုန်းကြီးကျောင်းနဲ့ သရဲ(ထိုင်းအတွေ့အကြုံများအပိုင်း ၂)
       ထားဝယ်ရဟန်းငယ်
ထိုင်းဘုန်းကြီးကျောင်းမှာနေတာကြာလာတော့ထိုင်းရဲ့လူနေမူစရိုက်တွေကိုသိလာရတယ်။ထိုင်းမှာတော်
တော်များများကိုသဘောကျပေမဲ့ ဘာသာရေးနဲ့ပက်သက်လာရင်ဘ၀င်မကျစရာတွေတော်တော်များများ
တွေ့ရတယ်။အဲဒီထဲမှာတစ်ခုက မီးသင်္ဂြိုလ်စက်တွေကိုဘုန်းကြီးကျောင်းထဲမှာထားတာပါ။
ထိုင်းဘုန်းကြီးကျောင်းထဲမှာ ပရလောကသားတွေကော ဘုန်းကြီးတွေနဲ့ကောပြည့်ကျပ်လို့နေရတယ်။
ဘုရားလက်ထက်ကတောင်မှ သင်္ချိုင်းနဲ့ဘုန်းကြီးကျောင်းတခြားစီ ထားခဲ့တာပါ။ ကျောင်းထဲမှာသင်္ချိုင်းထား
လို့ရရှိလာတဲ့အကျိုးဆက်တွေကတော့ သေတဲ့လူရဲ့ပစ္စည်းတော်တော်များများကိုကျောင်းမှာတစ်ခါတည်းလှူ
ထားခဲ့တာပါပဲ့။ အသုဘကို ၇ ရက်ခန့်ထားရပါတယ် ၇ ရက်လုံးလုံး..........

မင်္ဂလာဆောင်မှာကျတဲ့မျက်ရည်


မင်္ဂလာဆောင်မှာကျတဲ့မျက်ရည်

စာရေးသူဒီနှစ်တရုတ် နှစ်သစ်ကူးမှာ ဘယ်မှမသွားဘူး ကျောင်းမှာပဲ့အေးအေးဆေးဆေးနေတော့
မယ်လို့စိတ်ကူးတုံးရှိသေး စူလတ်မြို့ ချိုင်ယာ မှာနေသောညီကဖုန်းဆက်လာသည်။
မင်္ဂလာဆွမ်းစားကြွပါလို့လှမ်းပင့်တာပါ။ သွားစရာလည်းဘယ်မှမရှိတာနဲ့လက်ခံလိုက်သည်။
ကားလက်မှတ်ကြိုဖြတ်ထားပြီး လာမဲ့ရက်အတိအကျပြောထားလိုက်သည်။
တကာတွေကဘုန်းကြီးကြွလာမှ လုပ်ရကိုင်ရတာ အားရတယ်............

Sunday, January 22, 2012

တိပိဋကဆရာတော်တစ်ပါးနှင့်ခဏအတွေ့ မှတ်သားစရားအဆုံးအမများ


တိပိဋကဆရာတော်တစ်ပါးနှင့်ခဏအတွေ့ မှတ်သားစရားအဆုံးအမများ
မြန်မာပြည်တွင်းမှာအမြင့်ဆုံးဘွဲ့ရတိပိဋက ဆရာတော်အရှင်ဂန္ဓမာလာလင်္ကာရသည်
အင်္ဂလန်မှာကျောင်းတက်ခဲ့တဲ့ဆရာတော်တစ်ပါးဖြစ်သည်။
ပိဋကတ်အတွေ့အကြုံ နိုင်ငံခြားအတွေ့အကြုံများဖြင့်ပြည့်နေသောဆရာတော်ကြီးသည်
ပရဟိတတွေကိုလဲလုပ်ဆောင်နေပါသည်။
ဆရာတော်သည်တရားပွဲကျင်းပရာ ထိုင်းနိုင်ငံ ပန်ပူရီမြို့ ပန်းရောင်နာနတ်သီးစက်ရုံ
တိုင်းရင်းသားပေါင်းစုံ စုပေါင်းကျင်းပသောတရားပွဲသို့ ရနောင်ဌာနီ စာသင်ကျောင်း ကလေများ
အတွက် လေယဉ်အပေါ်ကဆင်းဆင်းခြင်း ၃ နာရီခရီးကို ကြွလာခဲ့ပါသည်။
တရားကိုနှစ်နာရီ ခန့်ဟောကြားပါသည်။.......

Friday, January 20, 2012

ထိုင်းအတွေ့အကြုံများ အပိုင်း(၁)

ထိုင်းအတွေ့အကြုံများ(ပတ်စပို့သက်တမ်းတိုးခြင်း)

ပတ်စပို့အသစ်


ထိုင်းနိုင်ငံမှာတစ်နှစ်နေထိုင်ခွင့်ရထားသူများဟာ တကယ်လို့ စာအုပ်သက်တမ်းကုန်သွား
မယ်ဆိုရင်၊မြန်မာသံရုံးမှာစာအုပ်အသစ်ရဘို့လျှောက်ရပါတယ်။

မြန်မာသံရုံးမှာလိုအပ်တဲ့စာရွက်စာတန်းများကတော့
၁..ကိုယ်နေထိုင်ရာကျောင်း(တက္ကသိုလ်)ထောက်ခံစာ
၂..မြန်မာသာသနာဝင်မှတ်ပုံတင် မိတ္တူ
၃..စာအုပ်တစ်အုပ်လုံး မိတ္တူ..........