Wednesday, May 8, 2013

ဒိဋ္ဌ၊ ဓမ္မ ၊လောကအလှ

ဒိဋ္ဌ ၊ဓမ္မ ၊ လောကအလှ
 အဆင်းအာရုံ ၊ မြင်ရတုံလည်း
မြင်ရုံမြင်ခိုက် ၊ မြင်လေလိုက်၍

အသံအာရုံ ၊ ကြားရတုံလည်း
ကြားရုံကြားခိုက်  ၊ ကြားလေလိုက်၍

အတွေ့အာရုံ ၊ ကြားရတုံလည်း
တွေ့ရုံတွေ့ခိုက် ၊ တွေ့လေလိုက်၍

အသိအာရုံ ၊ သိရတုံလည်း
သိရုံသိခိုက် ၊ သိလေလိုက်၍

ကြိုက်မကြိုက်ဝယ် ၊ မတွယ်တာနှင့်
အဘယ်ပြဿနာ ၊ ရှိမည်နည်း။
                     
  မူရင်းရေးသူ ဦးသော်ဇဉ်
                         




ဲ

Saturday, April 20, 2013

ဖြေသိမ့်ခြင်းမှတ်တိုင်


ဖြေသိမ့်ခြင်းမှတ်တိုင်

ထိုက်တန်တဲ့သူတွေအတွက်သာဖြစ်ပါစေတော့
မဖြစ်နိုင်တဲ့မျှော်လစ်ချက်တွေနဲ့
သံယောဇဉ်တွေကိုအားမပေးချင်တော့ဘူး........

ဦးဏှောက်နဲ့ဆုံးဖြတ်တာပဲ့ဖြစ်ဖြစ်
နှလုံးသားနဲ့ဆုံးဖြတ်တာပဲ့ဖြစ်ဖြစ်
တစ်ချိန်ချိန်တော့ ပြီးသွားတာပါပဲ့...........

ဘာမှမဟုတ်မှန်းသိလာတဲ့ တစ်နေ့
မနီးခဲ့တဲ့ နမ်စား သူ ဆိုတာတွေကို
ကျေးဇူးတင်ကြောင်း အသိပေးလို့...........

ငှက် လေးတစ်ကောင်လို
လွတ်လွတ်လပ်လပ် 
ဟိုးခပ်ဝေးဝေးဆိုသို့
သံယောဇဉ် ကမ်းပါးကိုမမြင်နိုင်လောက်တဲ့အထိ
ပျံသန်း နေနိုင်အောင်
ကြိုးစားနေမယ်...........။

ထားဝယ်ရဟန်းငယ် (သင်္ကြန်အပြီး အမှတ်တရ)

Friday, March 1, 2013

တရားနားခြင်းဆိုသည်မှာ


တရားဆိုတာ လူ့ဘ၀ရဲ့အလှ၊ လူ့ဘ၀ရဲ့ ဂုဏ်သိက္ခာ၊ 
လူ့ဘ၀ရဲ့ အရှိန်အ၀ါ၊ လူ့ ဘ၀ရဲ့ စွမ်းအင်၊ 
လူ့ဘ၀ရဲ့ အတောင်ပံ ဖြစ်ပါတယ်။ 

*~~~~~~~~~~~~~~~~~~*


                                     တရားဆိုတာ လူ့ဘ၀တစ်ခုလုံးကို လွှမ်းခြုံနေတဲ့ အရာပါ၊ 
 သူက အမြင်ကို ကျယ်ပြန့်စေပါတယ်။ နှလုံးကို ကြီးမားစေပါတယ်။
 မြင့်မြတ်မှုအတွက် စံပြုထိုက်တဲ့ ဘ၀နေနည်းတစ်ခုဖြစ်သလို
 နှလုံးစိတ်ဝမ်းကို အေးချမ်းကြည်လင် ဖြူစင် သန့်ရှင်း
 ပြုံးပျော်စေနိုင်တဲ့ နိဿရည်းကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ 
အရာရာမှာ ကောင်းကျိုးပေးတတ်တဲ့ ဒီတရားဟာ အားလုံးအတွက်ဖြစ်ပါတယ်........