Monday, December 24, 2012
Saturday, December 15, 2012
ဘုရားရှင်၏အပါးမှ မခွာသော ၀က္ကလိရဟန်း
ဘုရားရှင်၏အပါးမှ မခွာသော ၀က္ကလိရဟန်း။
••••••••••••••••••••••••••••••
အလွန်နှစ်သက် ကြည်ညိုလှသောကြောင့် အမြဲမပြတ်
ဖူးမြင်လိုသဖြင့် ရဟန်းပြုလေသည်။ ရဟန်းဘ၀ ရောက်သည်တွင် ဘုရားရှင်
အနီးအပါးသို့သာ သွားရောက်ဖူးမြော်နေပြီး ပရိယတ္တိ ပဋိပတ္တိတို့ကို
အားထုတ်ခြင်း မရှိပေ။
မြတ်စွာဘုရားက . .
"ချစ်သားဝက္ကလိ - စက္ခုပသာဒဖြင့် ကြည့်မြင်တင့်တယ်သော ငါဘုရား၏ အပုပ်ကောင် ကိုယ်ထည်ကို ကြည့်နေ၍ အကျိုးမများ။ ငါဟောကြားသော တရားကို ထင်မြင်အောင် ပညာစက္ခုဖြင့် ရှု၍ အားထုတ်ခြင်းသာ ငါဘုရားကို ကြည်ညိုရာရောက်သည်"ဟု ဆုံးမတော်မူ၏။
သို့သော် ၀က္ကလိရဟန်းက မနာယူဘဲ လာမြဲသာလာ၍ ဖူးမြော်နေ၏။ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်သို့ ကြွရောက်၍ ၀ါကပ်တော်မူသည့်နေ့၌ "၀က္ကလိ - သင်ကြိုက်ရာ အရပ်တပါးသို့ သွားလေတော့"ဟု နှင်ထုတ်လိုက်၏။
ဝက္ကလိရဟန်းသည် ငါ့အား မြတ်စွာဘုရားက ဖူးမြော် ချဉ်းကပ်စေခြင်း မပြုလျှင်၊ သေခြင်းက မြတ်သေးသည်-ဟု တွေးတောကာ ဂိဇ္ဈကုဋ်တောင်ထိပ်မှ ခုန်ချသေတော့မည်ဟု ရည်ရွယ်၍ တောင်ထိပ်သို့ သွားလေသည်။
မြတ်ဗုဒ္ဓသည်၊ ၀က္ကလိ၏အဖြစ်ကို ရွှေဉာဏ်တော်ဖြင့် ဆင်ခြင်သိတော်မူသည်။ ထို့ကြောင့်
"၀က္ကလိ - မကြောက်လင့်၊ လာလော့၊ ငါသည် ညွှန်ပြောင်း၌ နစ်သော ဆင်ပြောင်ကို ကယ်တင်သကဲ့သို့ သင့်ကို ကိလေသာ ညွှန်ပြောင်းမှ ဆယ်ယူကယ်တင်အံ့" ဟု ရောင်ခြည်တော်လွှတ်၍ အားပေးတရား ဟောတော်မူသည်။ ထိုအခါ ၀က္ကလိသည် အားတက်၍ ကြီးစွာသော ပီတိဖြစ်ကာ၊ ဟောကြားတော်မူသော တရားတော်ကို ဆင်ခြင်ရင်း၊ ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေသည်။ ထို့နောက် ရှိခိုးလျက် မြတ်စွာဘုရားထံသို့ အရောက် သွားခဲ့ရာ မြတ်စွာဘုရားက အောက်ပါဂါထာကို ဟောတော်မူလေသတည်း။
"၀မ်းမြောက်ခြင်း များစွာရှိ၍၊
မြတ်စွာဘုရား အဆုံးအမတော်၌ ယုံကြည်မြတ်နိုးသော ရဟန်းသည်၊ သင်္ခါရတို့၏ ချုပ်ငြိမ်းရာ၊ ငြိမ်သက်ချမ်းမြေ့သော နိဗ္ဗာန်ကို ရလေရာ၏"
( ဓမ္မပဒ - ဘိက္ခုဝဂ်

အာသဝေါမကုန်မချင်း အားထုတ်ပါ။
အာသဝေါမကုန်မချင်း အားထုတ်ပါ။
••••••••••••••••••••••••••••••
••••••••••••••••••••••••••••••
ဇေတ၀န်ကျောင်းတော်၌ ရှိနေသော ရဟန်းတို့ကို၊
ဘုရားရှင်က-ရဟန်းတို့ သင်တို့သည် ရဟန်းကိစ္စ ပြီးဆုံးကုန်ပြီ...
လော-ဟု မေးတော်မူ၏။ ထိုအခါ ရဟန်းတို့က
မိမိတို့အသီးသီးယူဆထားသည်များကို
လျှောက်ထားကြ၏။
တပည့်တော်သည် သီလစင်ကြယ်ပြည့်စုံပါ၏။
တပည့်တော်သည် ဓုတင်ဆောင်ပါ၏။
တပည့်တော်သည် ဆိတ်ငြိမ်သောကျောင်း၌ နေလေ့ရှိပါ၏။
တပည့်တော်သည် ဈာန်ရပါ၏။
ထိုသို့ဖြစ်သောကြောင့် အရဟတ္တဖိုလ်ရရန် မခဲယဉ်းတော့ပါဘုရား-ဟု လျှောက်ထားကြကုန်၏။
ထိုအခါ ဘုရားရှင်က၊ ရဟန်းတို့၊ သီလ-ဓုတင်-အနာဂါမ် ချမ်းသာမျှဖြင့် လုံလောက်ပြီ မဆိုနိုင်။ အာသဝေါမကုန်သေးလျှင် ချမ်းသာမရနိုင်။ ဤကဲ့သို့ စိတ်ကိုဖြစ်စေရမည်-ဟု အောက်ပါဂါထာကို ဟောကြားတော်မူရာ ဒေသနာတော်အဆုံး၌ ထိုရဟန်းတို့ ရဟန္တာဖြစ်ကြလေသည်။
"သီလအကျင့် ရှိကာမျှဖြင့်၎င်း၊
အကြားအမြင် များကာမျှဖြင့်၎င်း၊
တည်ကြည်မှု သမာဓိ ရကာမျှဖြင့်၎င်း၊
ဆိတ်ငြိမ်ရာ၌ နေကာမျှဖြင့်၎င်း၊
ရဟန်းသည် အာသဝေါကုန်ခန်းသော ရဟန္တာအဖြစ်သို့ မရောက်သေးသမျှ ပုထုဇဉ်တို့ မမှီဝဲအပ်သော အနာဂါမိဖိုလ်ချမ်းသာကို ရပေ၏-ဟူ၍ သက်သာရာ (ရပ်နားခြင်း) သို့ မရောက်ပါစေလင့်"
( ဓမ္မပဒ - ဓမ္မဋ္ဌ၀ဂ် )

သတိပဋ္ဌာန်လေးပါးအပေါ် ဘုရားရှင်၏အာမခံမှု
သတိပဋ္ဌာန်လေးပါးအပေါ် ဘုရားရှင်၏အာမခံမှု။
••••••••••••••••••••••••••••••
••••••••••••••••••••••••••••••
ရဟန်းတို့ -
ခုနစ်နှစ်ကို ထားဘိဦး။ရဟန်းတို့ - မည်သည့်ပုဂ္ဂိုလ်မဆို
ဤသတိပဋ္ဌာန်လေးပါးတို့ကို
ခြောက်နှစ်တို့ပတ်လုံး ဤဟောပြသော နည်းဖြင့် ပွါးငြားအံ့။ထိုပွါးသော ပုဂ္ဂိုလ်အား မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန်အကြွင်းရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤဖိုလ်နှစ်ပါးတို့တွင်တစ်ပါးပါးသော ဖိုလ်ကို (အမှန်ရပေမည်ဟု) အလိုရှိအပ်၏။ငါးနှစ်တို့ပတ်လုံး။ လေးနှစ်တို့ပတ်လုံး။ သုံးနှစ်တို့ပတ်လုံး။ နှစ်နှစ်တို့ပတ်လုံး။ တစ်နှစ်တို့ပတ်လုံး။

Thursday, November 29, 2012
ခေတ်သစ်ဝင်ကစွပ်
ခေတ်သစ်ဝင်ကစွပ်
သူများခန္ဓာနဲ့
အသက်ရှင်ခွင့်ရအောင်
ငါ့ကိုဘယ်သူဖန်တီးတာလဲ။
ကိုယ့်ခန္ဓာကိုယ်နဲ့ကိုတောင်
ဝင့်ကြွားမနေနိုင်တဲ့ဘဝ
ဆိုးလိုက်တာ။
ဒါနဲ့များတချိ့က
လက်မထောင်ချင်သေးတယ်။
လူဆိုတဲ့အကောင်တွေလဲ
ငါ့လိုပါပဲ့လေ
အငှါးခန္ဓာလူဖြစ်နေတာများ
ကိုယ့်ကိုကိုဝင်ကစွပ်ဖြစ်နေမှန်းမသိကြဘူး။
တချို့ဆို
သူများဦးဏှောက်နဲ့ လူလုပ်နေပြီး
သူများခိုင်းတာတွေလုပ်နေရင်းနဲ့
ခေါင်းဆောင်လုပ်နေကြတယ်။
တချို့က
ဝင်ကစွပ်တကောင်ရဲ့
ပိုင်ဆိုင်မူမျိုးနဲ့
ဘ၀ကိုစကားလုံးကြီးတွေနဲ့ဖြတ်သန်းကြတယ်။
တချို့ကျတော့
အချစ်တစ်ခုတည်းနဲ့
ကပ်စရာအိမ်လိုက်ရှာကြတယ်
သေချာတာက
မင်းဟာအရှင်သခင်မဖြစ်ဘူးဆိုတာပဲ့။
ကိုယ်တိုင်လက်မထောင်ချင်တာတောင်
ကိုယ့်လက်မတွေဝှက်ထားရတဲ့
ဘ၀ကလွတ်မြောက်ပါစေ
ဝင်ကစွပ်လေးရေ........။
ထားဝယ်ရဟန်းငယ်(တန်ဆောင်းမုန်းလပြည့်ကျော်သန်ခေါင်ယံအမှတ်တရ)
ဝင်ကစွပ်
မြင်ဆွတ်က ကြည်ဖို့ရာ
သည်သို့လာ ဟိုသို့သွားရယ်နှင့်
အငှားခန္ဓာ မြောင်ရတယ်
ဆန်းခေါင်ထိမျိုး။
(မြင်ဖူးမှ ယုံစဖွယ် - ဦးကြင်ဥ)
မြင်ဆွတ်က ကြည်ဖို့ရာ
သည်သို့လာ ဟိုသို့သွားရယ်နှင့်
အငှားခန္ဓာ မြောင်ရတယ်
ဆန်းခေါင်ထိမျိုး။
(မြင်ဖူးမှ ယုံစဖွယ် - ဦးကြင်ဥ)
ဝင်ကစွပ်= ပင်လယ်ကမ်းစပ်ရှိ ခရုခွံများတွင် ခိုဝင်ကြီးပွား သွားလာနေတတ်သော ကဏန်းငယ်တမျိုး။
မြင်ဆွတ်= မြင်လျှင် ဆွတ်ပျံကြည်နူးဖွယ်။
Subscribe to:
Posts (Atom)