Wednesday, November 28, 2012

အဇာတသတ်



အဇာတသတ်

လပြည့်ညမှာ
ငါ့ရင်တွေပူလောင်လို့ပါလား
တခုခုဟာနေသလိုမျိုး။

 နန်းတော်တစ်ဆောင်လုံး
ငါ့လိုဝေဒနာတစ်ယောက်မှရှိပုံမပေါ်ဘူး ။

လောကတစ်ခုလုံးပျော်ရွှင်နေတာတောင်
ငါဘ၀ဟာခြောက်ကပ်လို့
ရထားတဲ့စည်းစိမ်းတွေ
ငါ့စိတ်ကိုမပျော်ရွှင်စေနိုင်ဘူး။

ငါ့အမှားကငါ့ကိုတောက်လောင်နေပြီ
ဒေါသမီး
လောဘမီး
မောဟမီး။

ငါသတ်ခဲ့တဲ့ငါ့အဖေ
ငါ့ကိုပူလောင်မူငြိမ်းစေခဲ့တဲ့ငါ့အဖေ
ငါ့ကိုလူဖြစ်အောင်လုပ်ခဲ့တဲ့ငါ့အဖေ
အခုတော့မရှိတော့ဘူး...။

ဟာ.....ဘာလုပ်ရမလဲ
အမတ်ကြီးတွေလာလဲ့စမ်း
ငါဘာလုပ်ရမလဲ....။

မင်းကြီးတိတ္ထိဆရာတွေဆိသွားပါ
စိတ်တွေပျော်ရွှင်ကြောင်းဟောပါလိမ့်မယ်
ငါမပျော်ရွှင်ရင်ကော....

အဇာတသတ်အမေးမှာ
အားလုံးအသံတွေတိတ်လို့။

ဟေ့ဇီဝက
မင်းကလူနာတွေဆေးကုတော့
ငါ့စိတ်ဒဏ်ရာကိုမကုပေးနိုင်တော့ဘူးလား..။

ကုပေးနိုင်ပါတယ်မင်းကြီး။

မြတ်စွာဘုရားဆီကိုလိုက်ခဲ့ပါ
စိတ်ဒဏ်ရာသက်သာပါလိမ့်မယ်။

မသက်သာရင်ကော
သတ်လိုက်ပါမင်းကြီး။

ကြိုက်တယ်ကွာ
လာသွားကြစို့။

တိတ်တိတ်လေးလိုက်ခဲ့ပါမင်းကြီး
တိတ်ဆိတ်မူဟာကြောက်စရာမဟုတ်ပါဘူး။

ဟော ဟိုမှာ  မြတ်စွာဘုရား
မြင်ရယုံနဲ့အေးချမ်းသွားပါလား
ရှိခိုးလိုက်မိတယ်..။

သာမညဖလသုတ်ကိုနာယူမိတော့
ဓမ္မဆေးတွေ ရင်ထဲခသွားပြီ
သောကတွေမြေခသွားပြီ။

အမှားကိုမှားမှန်းသိရင်ပညာရှိ
မသိရင်တော့လူမိုက်တဲ့
အဇာတသတ်ဆက်မမိုက်တော့ဘူး။

လရောင်ကြောင့်ကုမုဒြာကြာပွင့်သလို
မြတ်စွာဘုရားတရားတော်ကြောင့်
အသိညဏ်တွေပွင့်ခဲ့ရပြီ။

ထားဝယ်ရဟန်းငယ်( တန်ဆောင်မုန်းလပြည့်ညအမှတ်တရ)











ထားဝယ်တန်ဆောင်တိုင်

                                                ထားဝယ်တန်ဆောင်တိုင်
ကျီးမနိုးတဲ့ည
ဆေးပေါင်းခတဲ့ည
သစ်ပင်တွေကိုဓားနဲ့လိုက်ခုတ်တဲ့ည
ဗျစ်သွန်းပန် တွေဆေးဖက်ဝင်တယ်ဆိုတဲ့ည
မုဆီဝပ်ဟမ်း ချက်စားတဲ့ည
ကာလာသားဟင်းချက်စားတဲ့ည
ရွာထဲမှာဘုရားပွဲလှည့်တဲ့ည
ဗိုက်ကားနေအောင်မုန့်တွေကျွေးတဲ့ည။

ဒါတွေဟာငါတို့ရိုးရာတွေ
အခုထိမပျက်အောင်ထိမ်းသိမ်းထားတယ်
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ရိုးရာ
ဘယ်တော့မှမမေ့နိုင်။

ထားဝယ်သားတွေဒါတွေရိုးရာမပျက်လုပ်နေချိန်
ငါတို့ထိုင်းမှာ ထိုင်းရိုးရာလွယ်ကထုံတဲ့
မီးမျှောပွဲတွေကျင်းပနေပေမဲ့
ဆားမပါတဲ့ဟင်းကိုစားရသလိုမျိုး
အဓိပ္ပါယ်တွေမဲ့နေခဲ့တာ 
အခုဆို ၃ နှစ်လောက်ကြာရောပေါ့။

ငွေနဲ့ဝယ်လို့မရတဲ့အထဲမှာ
ရာသီအလိုက်ဖြစ်နေတဲ့ခံစားချက်တွေပါတယ်။

အစားထိုးကုလို့မရတဲ့အထဲမှာ
ရိုးရာဓလေ့တွေပါတယ်။

မျှော်လင့်ချက်နဲ့အသက်ရှင်နိုင်တဲ့လူမျိုး
သာဖြစ်ခဲ့ရင် 
အခုလောက်ထိ ဝေးနေစရာမလိုဘူး။

အခုတော့
ဒုက္ခတစ်ခုဝေးဖို့အတွက်နဲ့
အားလုံးနဲ့ဝေးနေရတာတန်ရဲ့လားဆိုတာ
သေသေခြာခြာတွက်ဖို့လိုနေပြီ။

ထားဝယ်ရဟန်းငယ် (တန်ဆောင်မုန်းလပြည့်နေ့အမှတ်တရ)





Sunday, October 28, 2012

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့ )

မြန်မာလ ၁၂လရှိရာ သီတင်းကျွတ်လသည် ခုနှစ်ခုမြောက်လဖြစ်သည်။ ဥတုသုံးပါးရှိရာ မိုးဥတုတွင်ပါဝင်သည်။
သီတင်းကျွတ်လကို ရှေးအခါက သန်တူလဟုခေါ်ဝေါ်ကြသည်။ သံတူလ အဓိပ္ပာယ်မှာ ၀ဿာနမိုးဥတုကို “သန်”
ဟူ ၍ရှေးကခေါ်ဝေါ်ကြောင်း ဝေါဟာရလီနတ္ထဒီပနီ ကျမ်း၌ဆိုသည်။ အချို့ပညာရှင်တို့က “သန်” ဟူသောပုဒ်သည် တိဗက်စသော ဘာသာတို့မှလာသော ဝေါဟာရဖြစ်သည်။ “ကောက်စပါး” ဟုအဓိပ္ပာယ်ရသည်။ “တူ”ပုဒ်သည် အနီးစပ် ဆုံး“ထူ”ပုဒ်နှင့်တွဲယူရမည်ဟုဆိုသည်။ ထောင်သည်၊ မတ်သည် ဟုအဓိပ္ပာယ်ဆောင်သည်။ ထို့ကြောင့်သန်တူလသည် ကောက်စပါးပင်များ ထောင်မတ်လာသောကာလဟု အဓိပ္ပာယ် ဟုယူဆကြသည်။ ဝေါဟာရလီနတ္ထဒီပနီကျမ်း၌ သီတင်းကျွတ်လခေါ်သည်မှာ ၀ါဆိုလပြည့်နေ့ မှစ၍ ၀ါတွင်းသုံးလ၊ ရက်ပေါင်း
(၉၀)၊ သီတင်းသုံးရာ ကျွတ်သောကြောင့် “သီတင်းကျွတ်လ” ဟူ၍ခေါ်ဆိုသည်ဟုဆို၏။ ရှေးမြန်မာဘိုးဘွား

Thursday, September 20, 2012

ငါတို့ရွာ အကြောင်း


ငါတို့ရွာ
တိုင်းတစ်ပါးမှာငွေရှာဖွေရင်း
တခါတလေ အလှူပြန်လုပ်
တခါတလေ မင်္ဂဆောင်ရင်းနဲ့
သံသရာခရီးသွားနေကြတဲ့ငါတို့ရွာ...

လူတွေတင်မက
ဘုန်းကြီးတွေလဲတိုင်းတစ်ပါးကိုထွက်ခွါလို့
ပညာရှာဖွေ
တစ်ခါတစ်လေ ရွာပြန်ရင်းပညာသင်ပေး
တစ်ခါတစ်လေ တရားဟောရင်းနဲ့
သံသရာခရီးသွားနေတဲ့ငါတို့ရွာ..

ဒီလိုနဲ့
ငယ်ငယ်ကကျောင်းသားတရာကျော်နဲ့
စည်ကားခဲ့တဲ့ကျောင်းတော်ကြီး
တခါတလေ အလှူပွဲတွေနဲ့စည်းကား
တခါတလ စာကျက်သံတွေတိတ်လို့
သံသရာခရီးသွားနေတဲ့ငါတို့ရွာ..

မနက်၎နာရီဆိုတုန်းမောင်းခေါက်တဲ့အသံ
ကျောင်းသားတွေကိုလိုက်နိုးတတ်တဲ့
ဆရာတော်ကြီးရဲ့အသံ
နိဗ္ဗာန်ဆော်ဦးတင်းသိန်းတို့အသံတွေနဲ့
အာရုဏ်ဦးကိုကြိုဆိုနေတဲ့
ငါတို့ရွာလေး ...

 မီးမရှိလဲလွမ်းတယ်
 ရေမရှိလဲလွမ်းတယ်
 အင်တာနက်မရှိလဲလွမ်းတယ်
ဘာမှမရှိလဲလွမ်းတယ်
 ဘယ်ရောက်ရောက်လွမ်းတယ်
 သတိရတယ် ..

ထားဝယ်ရဟန်းငယ်

သင်းကျွန်းရွာက မင်္ဂလာဆွမ်းကျွေးပွဲ


                                                မင်္ဂလာဦးဆွမ်း
အဝေးကိုရောက်နေတဲ့သင်းကျွန်းရွာကသူတွေအတွက်
မင်္ဂလာမှတ်တမ်းလေးတစ်ခုတင်ပေးထားပါတယ်
အလှူမှတ်တမ်းကြည်ပြီးသွားပြီဆိုတော့ရွာအလွမ်းပြေမင်္ဂလာဆောင်
မှတ်တမ်းကြည့်လိုက်ကြပါ။