ဒိဋ္ဌ ၊ဓမ္မ ၊ လောကအလှ
အဆင်းအာရုံ ၊ မြင်ရတုံလည်း
မြင်ရုံမြင်ခိုက် ၊ မြင်လေလိုက်၍
အသံအာရုံ ၊ ကြားရတုံလည်း
ကြားရုံကြားခိုက် ၊ ကြားလေလိုက်၍
အတွေ့အာရုံ ၊ ကြားရတုံလည်း
တွေ့ရုံတွေ့ခိုက် ၊ တွေ့လေလိုက်၍
အသိအာရုံ ၊ သိရတုံလည်း
သိရုံသိခိုက် ၊ သိလေလိုက်၍
ကြိုက်မကြိုက်ဝယ် ၊ မတွယ်တာနှင့်
အဘယ်ပြဿနာ ၊ ရှိမည်နည်း။
မူရင်းရေးသူ ဦးသော်ဇဉ်
ဲ