Saturday, March 10, 2012

အဲဒါမှ ရဟန်း

 မဆုံသောလမ်း
သံသရာဝဋ်ဆင်းရဲမှထွက်မြောက်ပါရလို၏
သာမဏေ၀တ်စတုန်းကဆိုခဲ့ရတယ်
အဲဒီတုန်းကငါ..သံသရာဝဋ်ဆင်းရဲဆိုတာ
ဗွီဒီယိုဇာတ်ကားတစ်ကားရဲ့နာမည်လို့ပဲ့ထင်ခဲ့တယ်။

နိမ့်ကျသော သာမဏဘ၀မှ
မြင့်မြတ်သောဥဇင်းဘ၀သို့....
ပဉ္ဇင်းစ၀တ်တုန်းကဆိုခဲ့ရတယ်
အဲဒီတုန်းကငါ....
ဘာမှန်းမသိဘဲမြင့်မြတ်နေတယ်လို့ခံစားမိတယ်။

အခု ရဟန်း ၄ ၀ါလောက်ရတော့
တရားတွေဘာတွေဟော
ကိုယ်ဟောခဲ့တဲ့လောဘတွေ
ကိုယ့်ဆီပြန်ပြန်ရောက်လာတယ်လို့ထင်နေမိတယ်။

အခုတော့
မြင်သမျှအားရုံတိုင်းကို
သတိညဏ်နဲ့ကြည့်ဖို့မေ့လာပြီ၊

ဝမ်းမီးကောင်းတဲ့သူတွေအတွက်
စားသမျှအစာတွေဟာအားဖြစ်တယ်
သတိညဏ်ရှိသူတွေအတွက်
တွေ့သမျှအာရုံတိုင်းဟာတရားဖြစ်တယ်
(တောင်လေးလုံဆရာတော်ရဲ့သြ၀ါဒ)
 အဲဒီလိုဆိုထားပေမဲ့
ငါ့အတွက်တွေ့သမျှအာရုံတိုင်းဟာ
 တရားနဲ့ဝေးလာတော့တယ်။

ကြာလာတော့
ကိုယ့်နဲ့ခင်ရာမင်ရာတကာမတွေနဲ့
သံယောဇဉ်စက်ဝန်းမှာ
လည်ပတ်မိပြီးသားတွေဖြစ်လာတယ်။

ပိယေဟိ ဇာယတေ သောကော
'ချစ်ခြင်းကြောင့်သောကတွေဖြစ်ရတယ်တဲ့'
ဗုဒ္ဓဟောကြားခဲ့တာတွေ
သတိညဏ်နဲ့သိလာတဲ့တစ်နေ့....

ဘယ်သူမှမကယ်နိုင်
ကိုယ့်သမုဒယချည်တိုင်
ကိုယ်တိုင်ဖြေလျှော့
နှလုံးသားကိုသော့ခတ်
မဆုံသောလမ်းကိုအိပ်ထမ်းလို့မြန်း
ခွဲခွါခဲ့ရင်
အကြည့်တစ်ချက်တောင်မထားခဲ့စတမ်း
အဲဒါမှ ရဟန်း။

မှတ်ချက်။ အင်တာနက်မှာတွေ့သောဓာတ်ပုံတစ်ပုံအားသဘောကျပြီးကဗျာလိုလိုစာလိုလိုရေဖွဲ့ပါသည်
ထားဝယ်ရဟန်းငယ်(စာမေးပွဲဖြေပြီးနောက်တရက်အမှတ်တရ)