Sunday, March 28, 2010

စိတ်
စိတ်သာရှင်စော ဘုရားဟော

ုစိတ်ထောင်းတော့ ကိုယ်ကျေ
စိတ်ပျိုတော့ ကိုယ်နု
စိတ်သွားတိုင်း ကိုယ်မပါ

စိတ္တေန နီယတေ လောကော
စိတ္တေန ပရိကဿတိ။

စိတ်ဟာလောကကြီးတစ်ခုလုံးကိုဆောင်တယ်
လောကကိုစိတ်သည်ဆွဲငင်နေတယ်

Friday, March 26, 2010

တရားဓမ္မ

တရားဆိုတာလောကကိုစောင့်ရှောက်တယ်
လောကတလဲတရားကိုစောင့်ရှောက်တယ်

Tuesday, March 23, 2010

ရှာဖွေခြင်း

လောဘကိုအခြေခံကာရှာဖွေခြင်း

ဒေါသကိုအခြေခံကာရှာဖွေခြင်း
မောဟကိုအခြေခံကာရှာဖွေခြင်း

အကုသိုလ်ကိုအခြေခံကာရှာဖွေခြင်းတို့ဟာနောက်ဘ၀အတွက်
မကောင်းပါ။။

စေတနာကိုအခြေခံကာရှာဖွေခြင်း
သဒ္ဓါတရားကိုအခြေခံကာရှာဖွေခြင်း
လောဘပယ်သတ်ကြောင်းနည်းလမ်းကိုရှာဖွေခြင်း
ဒေါသပယ်သတ်ကြောင်းနည်းလမ်းကိုရှာဖွေခြင်း
မောဟပယ်သတ်ကြောင်းနည်းလမ်းကိုရှာဖွေခြင်း

ကုသိုလ်တရားကိုအခြေခံကာရှာဖွေခြင်းတို့သည်သာလျင်အခုရော
နောင်ပါအေးချမ်းသာမည်ဖြစ်သည်။

Saturday, March 13, 2010

ရဟန်း

ငှက်တွေပျံသန်းတဲ့အခါ
အတောင်ပံနှစ်ဖက်သာပါသလိုမျိုး
ဘယ်နေရာကိုသွားသွား
ပရိက္ခရာ(၈)ပါးကိုသာယူ၍
လိုရာခရီးကိုသွားလေသူ......။

အိမ်စဉ်တိုင်းရပ်၍
တပ်မက်မှုကင်းစွာ
ကုသိုလ်ရစေချင်သောဆန္ဒဖြင့်
စဉ်ကြယ်စွာအသက်မွေးသူ....။

ဘုရားဟောတရားတွေကို
သိစေလိုသောစေတနာဖြင့်
လူအပေါင်းကိုရှင်းလင်းပြသသူ....။

အမှောင်ထဲရောက်နေသောသူများကို
လက်ကိုကိုင်ဆွဲဒါအလင်းရောင်ပဲ့ဟု
အယူမှန်ကိုပြသသူ.......။

Friday, March 12, 2010

ဘ၀စာမျက်နှာ

အရှေ့ဘက်ကိုကြည့်လိုက်

နေထွက်တာမြင်နေရတယ်..။
အနောက်ဘက်ကိုကြည့်လိုက်တော့လည်း
နေ၀င်တာကိုမြင်နေရတယ်..။
တောင်တန်းတွေကာရံထားသလို
ပင်လဲတွေလဲကာရံထားတယ်..။
အင်္ဂလိပ်ခေတ်ကဖေါက်လုပ်ခဲ့သောကားလမ်းက
ရွာကိုရောက်တော့ကွေ့ကောက်သွားတယ်.....။

မြိတ် ထားဝယ်ကားလမ်းပေါ်မှာတည်ရှိနေတဲ့
ငါတို့ရွာလေးဟာအိမ်ခြေပေါင်း၆၀၀လောက်ရှိမယ်ထင်တယ်..။
ဘုန်းကြီးကျောင်းကနှစ်ကျောင်း
တစ်ကျောင်းသာဘုန်းကြီးတွေနေတယ်...
အုပ်စုတွေမကွဲစေလိုသောကြောင့်နဲ့တူတယ်...။

ရန်ကုန်မှပြန်လာသောဉ္ဖင်းတွေကိုအားကျပြီး
ရန်ကုန်မှာစာသွားသင်ပါတယ်
နာမည်ကြီးကျောင်းတွေမှာနေပြီး
ပညာရှာပေမဲ့...
ပညာကကိုယ့်ကိုလိုက်ရှာနေရတယ်...။
ကိုယ်တိုင်ရေးကျောက်စာ

အမေကပြောဘူးတယ် သားဟာလူလောကကိုအသံတိတ်ရောက်လာတာတဲ့.

လောကရဲ့ ရင်ကွဲသံတွေကိုနားထောင်နေမိလို့နဲ့တူတယ်တဲ့
ဟုတ်မှာပါ...... မွေးပြီးနှစ်နာရီလောက်အထိအသံမထွက်ဘဲမေ့နေသောလေးတစ်ယောက်ကို
မှတ်ချက်ပေးတာမဆန်းပါဘူးလေ ။
သားလောကြီးကိုစရောက်တဲ့နေ့မှာပိတောက်အနံ့တွေရနေတယ်အမေ..။
ပြက္ခဒိန်မှာကပ်နေတဲ့အိမ်မြှောင်တစ်ကောင်ကပါးစပ်ထဲသက္ကရာဇ်တွေအော်နေတယ်အမေ။
ဒါ..သားဘ၀ရဲ့ မွေးနေ့မွေးရက်တွေဆိုတာထင်တယ်.။

သား...ကိုရင်ဝတ်ချင်တယ်မေ
ဝတ်ချင်ဝတ်ပေါ့
မပျော်တဲ့တစ်နေ့အိမ်ကိုပြန်လာရမယ်နော်
မှတ်ပုံတင်မပါဘဲ ကိုရင်ဘ၀ကိုဖြတ်သန်းခဲ့တယ်။

သားဥဇင်းဝတ်တော့မယ်အမေ
ဝတ်ချင်ဝတ်ပေါ့
အိမ်ထောင်စုစာရင်းထဲကထုတ်မှာလားအမေ..။

ဘာဖြစ်လို့ထုတ်ရမှာလဲ
သား..ကအမေတို့သားပဲ့ဟာ
ကျောင်းကမိဘရင်ခွင်လောက်မမြဲဘူးသား...။

အမေ့စကားတွေနားမှာကြားရင်
ဥဇင်းဘ၀ကိုစာချုပ်မပါဘဲလျှောက်လှမ်းဆဲ....။

အမေ့မျက်လုံးနားကရေခဲ့တောင်တွေ
ဘယ်လိုအကြေင်းကြောင့်မှအရည်မပျော်စေရပါဘူး......